Wednesday 25 October 2017

ငှက်ကြီးတောင် ရခိုင်ချက်









မြန်မာပြည်မှာတုန်းက တစ်ခါမှ မစားဘူးခဲ့တဲ့ ငှက်ကြီးတောင်လို့ခေါ်တဲ့ ဟင်းရွက်လေးတွေကို အခုမှ မြင်ဖူးသလို အခုမှ စားဖူးပေမဲ့ အရွက်လေးတွေက ဝါးလိုက်ရင် ကြွတ်ကြွတ်လေးနဲ့ အရမ်းဘဲ စားလို့ကောင်းတဲ့ ဟင်းတစ်မျိုး ဖြစ်တဲ့အတွက် ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ရခိုင်လူမျိုးတို့အခေါ် ငှက်ကြီးတောင် ခေါ် မှိုလို့ပြောပြသလို ချက်နည်းလေးလဲ ပြောပြပြီး အရွက်လေးတွေပါ လက်ဆောင်ပေးတဲ့ သမီးလေးကို ကျေးဇူးတင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငှက်ကြီးတောင် - လက်တစ်ဆုတ်စာ တစ်စည်း
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ပုဇွန်ငါးပိ - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက် 
  5. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  6. ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် တစ်လုံးစာ
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်းသုံးဇွန်း

ပြင်ဆင်ပုံ
  • သန့်စင်ပြီးသား ငှက်ကြီးတောင် အနုများကိုများကို ရေစင်အောင်ဆေးပေးပြီး တစ်လက်မ သာသာလေးတွေ ဖြတ်ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးက ဓါးပြားရိုက်ထားပေးပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ထက်ဝက်ခြမ်းကာ လှီးထားပေးပါ
  • မကျည်းသီးမှည့်ကို ရေစိမ်ထားပေးပါ
  • ပုဇွန်ငါးပိကို ပြင်ထားပေးပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးထဲ နနွင်းမှုန့်နှင့် ဆီထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို အနည်းငယ် ကြော်လိုက်ပါ
  • ကြော်နေစဉ်မှာ အရမ်းညှော်တတ်တဲ့အတွက် လေဝင်တခါးများကို ဖွင့်ထားပေးပါ
  • ကြက်သွန်များ အနည်းငယ် နွမ်းတာနဲ့ ပုဇွန်ငါးပိကိုထည့်မွှေပေးပါ
  • ပုဇွန်ငါးပိများ သမသွားတာနဲ့ ငှက်ကြီးတောင်အရွက်များနှင့် အရသာမှုန့်ကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီးအရွက်များ နူးအောင် အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ဟင်းအိုးထဲ ထည့်ထားသော အရည်များ ခမ်းလာတာနဲ့ မကျည်းသီးမှည့် အရည်ထည့်ပေးပြီး အရသာမြည်းပေးပါ
  • အရသာ ပေါ့နေပါက ငံပြာရည် ထည့်ပေးပါ
  • မကျည်းမှည့်ရည် မခမ်းခင် မီးပိတ်ပေးပြီး ပူပူစပ်စပ် ချဉ်ငံစပ်နေတဲ့ ငှက်ကြီးတောင် ရခိုင်ချက် ဟင်းပွဲကို ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment