Wednesday 22 March 2017

ရုံးပတေသီးကြော်


ဒီနေ့တော့ ရုံးပတေသီး အနုလေးတွေ ရလာတာနဲ့ တန်ပူရာမှုန့် အရည်ဖျော်လေးနဲ့ လူးကာ ရုံးပတေသီးကြော်လေး ကြော်ဖြစ်ပါတယ် စားချင်စိတ်ရှိလို့ ကြော်လိုက်ပြန်တော့ စားလို့အကောင်းသားပေါ့ရှင်။

ပါဝင်ပစ္စည်းများ

  1. ရုန်းပတေသီး  - အနု ၁၅တောင့်
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်ခွဲ
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်သာသာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၂လုံးသာသာ

ကြော်ဖို့ပြင်ပါမယ်
  • တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေပေးပြီး ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • ရေကို နည်းနည်းခြင်းထည့်ဖျော်ပေးပါ မုန့်နှစ်ပျစ်နေစေရန် ရေကို နည်းနည်းခြင်းထည့်ဖျော်ပေးပါ
  • ရေကို လိုတိုးပိုးလျှော့ လုပ်ပေးပါ
  • ရုန်းပတေသီးကို ရေဆေးကာ ရေခြောက်အောင်သုတ်ပြီး လက်တလုံးလောက် အနေလေးတွေ လှီးထားပါ
  • အရသာစပ်ထားသော မုန့်နှစ်ထဲမှာ ရုန်းပတေသီးကို နှစ်ပေးပါ
  • ပန်းကန်ပြားပြန့်ပြန့်လေးပေါ်သို့ မုန့်နှစ်လူးထားသော ရုန်းပတေသီးမုန့်နှစ်လူးကို တခုခြင်း ထဲ့ပြီးပြင်ပေးထားပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီး ကျက်လာပါက ရုန်းပတေသီး မုန့်နှစ်လူးကို ထဲ့ကြော်ပေးပါ
  • မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ 
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက တစ်ဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ရုန်းပတေသီးကြော် ကြွတ်ကြွတ် ချိုချိုလေးကို နှစ်သက်ရာ အချဉ်နဲ့ စားလို့ရပါပြီ။

No comments:

Post a Comment