Saturday 4 March 2017

ကြပ်အသည်းသုပ်


ဒီနေ့တော့ ဈေးသွားရင်းက ကြက်အသည်းလေးတွေ ရလာတာနဲ့ ချက်စားရင် ကောင်းမလား ပြုပ်ပြီးအသုပ်လေး သုပ်စားရင် ကောင်းမလား စဉ်းစားနေရင်းက အသုပ်လေးဘဲ သုပ်စားဖို့ ပြင်ဆင်မိတာကြောင့် မာမာသုပ်ထားတဲ့ ကြက်အသည်းသုပ်  ပြင်ဆင်ပုံလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်အသည်း - 250 g
  2. ချင်း - လက်တစ်ဆစ်ခန့်
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ကြက်သွန်နီ - အနေတော် တစ်လုံး
  6. နံနံပင် - နှစ်သက်သလောက်
  7. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. သံပုရာသီး - တစ်စိတ်
  9. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  10. ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  11. သခွားသီး - အနေတော် တစ်လုံး
  12. ငရုတ်ဆီအချဉ် - ထမင်းစားဇွန်း တစ်ဇွန်း
  13. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း

ကြက်အသည်းပြုပ်ရန်

  1. ကြက်အသည်းများကို ရေစင်အောင်ဆေးကာ ရေစစ်ထားပေးပါ
  2. ချင်းကိုအခွံခွာပြီး မညက်တစ်ညက် ထောင်းပေးပါ
  3. အိုးတစ်လုံးထဲမှာ ရေစစ်ထားသော ကြက်အသည်းများ ဆား ခနောကြက်သားမှုန့်နှင့်နယ်၍ ချင်းထောင်းတို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  4. ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ ပြုပ်ပေးထားပါ

ပြင်ဆင်ပုံ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါးလှီးပြီး ရေထပ်ဆေးထားပါ
  • သခွားသီးကို အလုံးစလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်အသည်းကို အနေတော်လေးတွေ လှီးထားပါ
  • လိုအပ်သော ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ကြက်အသည်းများ ကြက်သွန်  နံနံပင် ငရုတ်သီးစိမ်း သခွားသီး အချိုမှုန့် ငရုတ်ဆီအချဉ် ငါးငံပြာရည် ငရုတ်သီး အလှော်မှုန့်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး ကြက်အသည်းအမြစ် ချဉ်ငံစပ်အသုပ်ကို ခပ်ဖွဖွနယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီးပါက ချဉ်ငံစပ် ကြက်အသည်း အသုပ်ပွဲကို ပြင်ဆင်ပေးနိုင်ပါပြီ။

No comments:

Post a Comment