Tuesday, 28 March 2017

ပုဇွန်ဆီ မွှေးမွှေလေး









မုန်တိုင်းသတင်းကြားတာနဲ့ ပြာရိပြာယာခတ်ကာ ရေခဲသေတ္တာထဲက အသားငါးတွေကို ကြော်တန်တာကြော် ပြုပ်တန်တာပြုပ် လုပ်ပြီးသကာလ ပုဇွန်ထုတ်တွေထဲက ခေါင်းအသားတွေ ဖယ်ထားတာ တထုတ်ထွက်လာ ပါသေးတယ်။

လွှင့်ပြစ်လိုက်ရမှာလဲ သမျှောနေတာနဲ့ အပင်ပန်းခံကာ ပုဇွန်ဆီချက်ဖို့ ပြင်ပါတော့တယ် ထုလိုက်ထောင်းလိုက် ရေထဲက အနှစ်တွေယူလိုက်နဲ့ ၈ခါလောက် ထောင်းပြီးမှဘဲ ဆီချက်ဖို့ ပြင်ရပါတော့တယ်။

ပါဝင်ပစ္စည်းများ

  • အခွံမပါသော ပုဇွန်ခေါင်းများ - 500g
  • ဆီ - ဟင်းခတ်ဇွန်းကြီး ၃ဇွန်း
  • ဆား - လက်ဖက်ရည်ဇွှန်း တ၀က်
  • ရေ - တရုတ်ဟင်းပြင်ပန်းကန် ၃လုံးစာ
ပြင်ဆင်ပုံ
  • ပုဇွန်ခေါင်းများကို အခွံခွာကာ အထဲမှ အစာအိတ်ကို ထုတ်ပေးပါ
  • အဆီနှင့် အသားအနည်းငယ်ပါသော ပုဇွန်ခေါင်းများကို အရင်ဆုံး မညက်တညက် ထောင်းပေးပါ
  • ထောင်းထားသော ပုဇွန်ခေါင်းကို ရေအနည်းငယ်နှင့် အရည်ငင်ပေးပါ
  • အရည်ငင်ထားသော ပုဇွန်ခေါင်းဖတ်များကို ဇကာစိတ်စိတ်လေးခံကာ လက်အားသန်သန်နှင့် အရည်များကို ညှစ်ချပေးပါ
  • အရည်ညှစ်ချထားသော ပုဇွန်ခေါင်းဖတ်များကို နောက်တခေါက် ညက်နေအောင် ထောင်းပါ
  • ထောင်းထားသော ပုဇွန်ခေါင်းကို အရည်အနည်းငယ်နှင့် ရေမွှေပြီး ပထနည်းအတိုင်း အရည်ငင်ကာ အရည်ညှစ်ပြီး ခေါင်းခွံများကို ထပ်ထောင်းပေးပါ
  • အထက်ပါ နည်းအတိုင်း ၈ခါလောက် ထောင်းလိုက် အရည်ငင်လိုက် လုပ်ပေးပြီးရင် ရပါပြီ
  • ပုဇွန်ခေါင်း ထောင်းပြီးသားများကို အရည်ငင်ရာမှာ အရည်အများကြီး မထည့်ဘဲ ငင်ပေးပါ
  • အရည်အများကြီးထည့်ပြီး အရိုးငင်ပါက ပုဇွန်ဆီချက်ရာမှာ အချိန်ကြာတတ်ပါတယ်။
  • ပုဇွန်ခေါင်းသား 500g လောက်ဆို ရေတလီတာလောက်ဆို ရပါတယ်
  • အားလုံးအဆင်သင့်ဖြစ်ပါက ပုဇွန်ခေါင်းအခွံမှ အသုံးမလိုတော့သော အခွံများကို လွှငပြစ်ပါ
  • အရည်ငင်ထားသော ပုဇွန်ခေါင်းထေားင်းထားသော အရည်များကို အိုးတလုံးထဲထည့်ကာ ဆားထည့်ပြီး ကျိုပေးပါ
  • ကျိုနေစဉ် မကြာမကြာ မွှေပေးပါ
  • ပုဇွန်ဆီများ ပြစ်လာပြီဆိုတာနဲ့ ဆီထည့်ပြီး မွှေပေးပါ
  • ဆီထည့်ပြီးတာနဲ့ ပုဇွန်ဆီများ ဥလာအောင် မီးအနေတော်လောက် လျှော့ကာ တည်ပေးပါ
  • ပုဇွန်ဆီများ ပြစ်လာပြီဆိုတာနဲ့ မီးပိတ်ပြီး အအေးခံကာ ရေခဲသေတ္တာထဲ ထည့်ပေးထားပါ
  • ထမင်းပူပူလေးနဲ့သော်၎င်း အသုပ်သုပ်စားရာတွင်၎င်း လိုသလောက်ထည့်ပြီး ပုဇွန်ဆီ မွှေးမွှေးလေးနှင့် နယ်ဖတ်ကာ စားနိုင်ပါပြီ။

No comments:

Post a Comment