Saturday, 11 March 2017

ကြက်သားတန်ပူရာကြော်


ဒီနေ့တော့ အစာပြေစားရအောင် ကြက်သားလေးတွေလှီးပြီး တန်ပူရာမှုန့်ကို အရည်ခပ်ပျစ်ပျစ်ဖျော်ကာ ကြက်သားပြားကြော်လေး ကြော်ဖို့အတွက် ကြော်နည်းလေး မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ
  • ကြက်ရင်ပုံသား - 200g
  • ကြက်ဥ - တလုံး
  • တန်ပူရာမှုန့် - လက်ဖက်ရည် အကြမ်းပန်းကန် တလုံး
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တလုံးခွဲ
ပြင်ဆင်ပုံလေးပြောပါမယ်
  • ကြက်သားကိုရေဆေးပြီး ရေခြောက်အောင် သုတ်ပေးပြီး ခပ်ပါးပါး အချပ်လေးတွေလှီးပါ
  • ဆား အရသာမှုန့်တို့နဲ့ ကြက်သားကိုနယ်ပေးပါ
  • ကြက်ဥ တန်ပူရာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့နဲ့ရောပြီး ခပ်ပြစ်ပြစ် ခလောက်ပေးပါ
  • ခလောက်ထားသော တန်ပူရာမုန့်အနှစ်ထဲမှာ ကြက်သားပြားကို တပြားချင်းနှစ်ပြီး လူးပေးပါ
  • ဆီကို အပူပေးပြီး ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ မုန့်နှစ်လူးထားသော ကြက်သားပြားကို ထည့်ကြော်ပေးပါ
  • ကြက်သားပြား တခုလုံး အကျက်ညီစေရန် အထက်အောက် လှန်လှန်ပေး၍ ရွှေဝါရောင်ဖြစ်လာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်သားပြား မွမွရွရွ ကြွတ်ကြွတ်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ

No comments:

Post a Comment