Friday, 24 March 2017

ကင်​ပွန်းချဉ်​ရွက် ချဉ်ရည်ဟင်း


ဒီတခါတော့ ကင်ပွန်းချဉ်ရွက် ချဉ်ရည်ဟင်းကို ငါးကျည်းကြပ်တိုက်လေးနဲ့ ချက်ဖြစ်လို့ လွယ်ကူမြန်ဆန် အရည်သောက်ဆမ်း ဟင်းတမယ်အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ကင်ပွန်းချဉ်ရွက် - လက်တဆုတ်သာသာ စည်းထားသောအစည်း နှစ်စည်း
  • ကြက်သွန်နီ - တခြမ်း
  • ကြက်သွန်ဖြူ - နှစ်မွှာ
  • ချင်း - လက်တဆစ်၏ တဝက်
  • ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငါးကျည်းကြပ်တိုက် - ဆယ်ကောင်
ပြင်ဆင်ပုံ
  1. ကင်ပွန်းရွက်ကို ရေဆေးပြီး အရွက်များ သင်ထားပါ
  2. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို ညက်နေအောင် ထောင်းထားပါ
  3. ငရုတ်သီးမှုန့်ကို ပြင်ထားပါ
  4. ငါးကျည်းကြပ်တိုက်ကို ရေနာရီဝက်လောက်စိမ်ပြီး အရိုး အသားထွင်ထားပါ
  5. ဇောက်နက်သောအိုးထဲမှာ ကင်ပွန်းချဉ်ရွက်များ နနွင်းမှုန့်  ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးမှုန့် ကြက်သွန်ဖြူ နီ ချင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  6. အရသာနယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင်တည်လိုက်ပါ
  7. ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  8. အရွက်များ တော်တော်လေး နွမ်းလာတာနဲ့ အရိုးထွင်ထားသော ငါးကျည်းကြပ်တိုက် အသားများကိုထည့်ကာ  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  9. ရေပွက်ပွက်ဆူကာ အရွက်များ နူးလာပါက ရေကို တမိနစ်လောက် ထပ်ဆူအောင်ထားပေးလိုက်ပါ 
  10. ပြီးတာနဲ့ အရသာမြည်းပြီး မီးပိတ်ပေးပါ
  11. ထမင်းမိန်စေတဲ့ ချဉ်ငံစပ်ပြီး အရသာမွှေးလွန်းတဲ့ ကင်ပွန်းချဉ်ရွက်  ချဉ်ရည်ဟင်းရပါပြီ။

No comments:

Post a Comment