Thursday, 30 March 2017

ထမင်းကြော် စိမ့်စိမ့်လေး


မိုးထဲလေထဲ ဒီနေ့တော့ ဟင်းချက်ရတာ ခပ်ပျင်းပျင်းနဲ့ရှိတာတွေထုတ်ပြီး ကျန်စုကြော် ထမင်းပွဲလေး ကြော်လိုက်ပါတယ် အဆင်ပြေပြေ စားလို့ကောင်းသွားတာနဲ့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ပါးပါးလှီးထားသောကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး တမွှာ
  • ခပ်ပါးပါး လှီးထားသော ကြယ်သီးမှို  - အနေတော် ၅ပွင့်
  • ဘေဘီပြောင်းဖူး - ၃ဗူး
  • ချက်ပြီးသား ထမင်း - တရုတ်ဟင်းရည်သောက်ပန်းကန် အလတ်တလုံးစာ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • ဆီ - စားပွဲတင်ဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ပုဇွန်ထုတ် - ၇ကောင်
  • ကြက်ဥ - တလုံး
  • နှမ်းဆီ - ၃စက်ခန့်
ပြင်ဆင်ပုံ

  1. ချက်ထားသော ထမင်းကို အအေးခံထားပါ
  2. ပုဇွန်ကို အမြှီး ခေါင်း အခွံများဖယ်ကာ ကြောမှခွဲ၍ အမည်းကြောင်း ထုတ်၍ သန့်စင်ထားပါ
  3. ကြက်သွန်ဖြူကို ခပ်နုတ်နုတ်စဉ်းထားပါ
  4. ကြက်သွန်နီကို ပါးပါးလှီးထားပါ
  5. မှိုကို ခပ်ပါးပါးလှီးထားပါ
  6. ဘေဘီပြောင်းဖူးကို လှီးထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ဆီကိုအပူပေးပြီး ဆီပူလာပါ ကြက်သွန်နီ ကြက်သွန်ဖြူကို နွမ်းသွားတဲ့ထိကြော်ပေးပါ
  • မှို နှင့် ပြောင်းဖူးတို့ကို ထည့်ပြီး ၂မိနစ်လောက် ကြော်ပါ
  • ပုဇွန်ကို သုံးမိနစ်လောက်ထဲ့ ကြော်ပေးပါ
  • ပုဇွန်ကျက်သွားပါက အိုးထဲသို့ ထမင်း  ဆား အရသာမှုန့်နှင့် တို့ကို ထဲ့ပြီးမွှေပေးပါ
  • ထမင်းပူလာပါက ကြက်ဥကို ဖောက်ထည့်ပြီး အားလုံးသမသွားအောင် မွှေပေးပါ
  • အားလုံး သမသွားပါက နှမ်းဆီနှင့် ငရုတ်ကောင်းမှုန့်ထဲ့ပြီး မွှေပေးကာ တမိနစ်လောက် ကြော်ပေးပြီး အရသာမြည်းကာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment