Saturday, 25 March 2017

ဘဲပေါင်းဆီချက်










ဒီတစ်ခါတော့ မိမိအိမ်လေးထဲမှာဘဲ အလွယ်တကူ လုပ်စားနိုင်ပြီး အရသာလည်းရှိ လုပ်စားရတာလည်း လွယ်ကူတဲ့ ဘဲပေါင်းဆီချက် လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဘဲပေါင် (သို့မဟုတ်) ရင်အုံသား - ၅ခု
  • ခေါက်ဆွဲ အခြောက် - 350g
  • လက်ဖက်စား ကြက်သွန်ဖြူကြော် - အနည်းငယ်
  • မြေပဲလှော် - အနည်းငယ်
  • နှမ်းဖြူ - ထမင်းစားဇွန်း ၃ဇွန်းခန့်
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၂လုံးစာ
  • ကြက်သွန်မြိတ် - အနည်းငယ်
  • ဟင်းခတ်မှုန့် - အနည်းငယ်
  • ပဲငံပြာရည်အကြည် - လိုသလောက်
  • နာနတ်ပွင့် - တပွင့်
  • ချင်း ခပ်ပါးပါး - ၇ပြားခန့်
  • ကြက်သွန်ဖြူ - ၄မွှာ
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငံပြာရည် - လိုသလောက်
ပြင်ဆင်ပုံ
  • ခေါက်ဆွဲအခြောက်ကို သုံးမည်ဆိုပါက ပြုပ်ပြီးရေဆေးကာ ရေစစ်ထားပါ
  • ဒယ်အိုးကိုအပူပေးကာ ဆီကိုနနွင်းမထည့်ဘဲ ဆီပူလာအောင် အပူပေးပါ
  • ဆီပူလာတာနဲ့ နှမ်းကိုထည့်ကာ မိနစ်ဝက်လောက်ဘဲ ချက်ကာ မီးဖိုပေါ်မှ ဖယ်ထားပါ
  • ကြက်သွန်မြိတ်ကို ရေဆေးပြီး ပါးပါးလှီးထားပါ
  • မြေပဲလှော်ကို မညက်တညက် ထောင်းထားပါ
  • ကြော်ပြီးသား ကြက်သွန်ဖြူကြော်ကို မညက်တညက် ထောင်းထားပါ
  • ဘဲအသားတုံးများကို ရေစင်အောင်ဆေးပြီး ဟင်းခတ်မှုန့် အနည်းငယ် ဆားတို့နှင့် နယ်ထားပါ 
  • ချင်းကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
  • ကြက်သွန်ဖြူကို အခွံပြီး ရေဆေးကာ ဓားပြားရိုက်ပေးပါ
  • အပူခံနိုင်သော ကြွေပန်းကန်လုံး တခုထဲမှာ အရသာနယ်ထားသော ဘဲသား နာနတ်ပွင့် ချင်းနှင့် ကြက်သွန်ဖြူ တို့ထည့်ပေးပါ 
  • ဘဲသားပန်းကန် ၀င်ဆန့်နိုင်မည့် ဇောက်နက်သော အိုးထဲမှာ ရေထည့်ပြီး ဘဲသားပန်းကန်ထည့်ပေးပါ
  • ပေါင်းမည့်အိုး အောက်ခြေမှရေများ ပွက်ပွက်ဆူလာစဉ် ဘဲသားပန်းကန်ထဲ မ၀င်စေရန် ဘဲပေါင်းမည့် ပန်ကန်လုံးအောက်မှ သံဇကာခုံလေး တခုခံပေးပါ
  • ပြီးလျှင် အိုးကို အဖုံးဖုံးပြီး ဘဲသားနူးအိလာတဲ့အထိ ပေါင်းပေးပါ
  • ဘဲသားပေါင်းနေစဉ် အောက်ဖက်မှ ပေါင်းရည်မကြာမကြာ ခမ်းတတ်တဲ့အတွက် သတိထားပြီး ထပ်ထပ် ဖြည့်ပေးပါ
  • ဘဲသားစပေါင်းစဉ် ပန်းကန်လုံးထဲမှာ ရေမထည့်ထားသော်လဲ ဘဲပေါင်းစဉ် ထွက်လာတဲ့ အရည်များ ပန်းကန်လုံးထဲမှာ ပြည့်လာပါလိမ့်မယ်
  • ထိုအရည်များကို ဆီချက်ပွဲ ပြင်ဆင်ရာမှာ ပြန်သုံးပေးပါ
  • ဘဲသား နူးအိလာပြီဆိုရင်တော့ ဆီချက်ခေါက်ဆွဲ ပြင်ဆင်နိုင်ပါပြီ
စားပွဲပြင်ရန်
  • ဇလုံပန်းကန် တစ်လုံးထဲမှာ ခေါက်ဆွဲဖတ် ဘဲပေါင်းအသား ချက်ထားသော နှမ်းဆီချက် အနည်းငယ် ဟင်းခတ်မှုန့် အနည်းငယ် ကြက်သွန်မိတ် မြေပဲလှော်ထောင်း အနည်းငယ် ပဲငံပြာရည် အကြည်အနည်းငယ် ငံပြာရည် အနည်းငယ် ကြက်ပေါင်းရည် အနည်းငယ်ထည့်ပြီး ပြင်ဆင်ပေးပါ
  • အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ နှစ်သက်ရာ အချဉ်ပွဲနှင့် စားသုံးနိုင်ပါပြီ။





No comments:

Post a Comment