Wednesday, 8 March 2017

လီမွန်ကိတ် မွှေးမွှေးလေး












နေတွေပူလွန်းတော့ အပြင်လဲ မထွက်နိုင် အိမ်ထဲမှာဘဲ နေနေရလေတော့ တခါတလေ စားစရာမုန့်ပဲ သရည်စာလဲ ပြတ်သွားတတ်ပါတယ် ဒီနေ့တော့ အချိုတည်းစရာ လီမွန်ကိတ်လေး လုပ်ဖြစ်လို့ လုပ်နည်းလေး မျှဝေလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် - 140g 
  • ထောပတ် - 100ml
  • Baking powder - 2.5g
  • ကြက်ဥ - ၃လုံး
  • သကြားဖြူ - 120g
  • ဆား -လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • လီမွန်အရည် - 50ml
  • ဗနီလာအနံ့အရည် - လက်ဖက်ရည်ဇွန်း တဇွန်း
  • လီမွန်အနံ့အရည် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • နွားနို့ -150ml
  • မုန့်ဖုတ်မည့်ဗန်း - တခု
  • ဆီ - အနည်းငယ် မုန့်ဖုတ်မည့်ဗန်းကို သုတ်ပေးရန်

ပြင်ဆင်ပုံ

  • ဇလုံတလုံးထဲမှာ ဂျုံမုန့် baking powder နှင့်ဆားတို့ကို သမအောင် ရောနယ်ပေးပါ
  • နောက်ထပ် ဇလုံတလုံးထဲမှာ ထောပတ် ဗနီလာအနံ့အရည် သကြား လီမွန်အရည်နှင့် ဆီတို့ကိုရောပြီး လက်မွှေတံနှင့် သမအောင် ခပ်နာနာလေး မွှေပေးပါ
  • ကြက်ဥကို ပန်းကန်တခုထဲ တလုံးချင်း ဖောက်ထည့်ပေးပြီး သမအောင် မွှေပေးပါ
  • လက်မွှေတံဖြင့် ဂျုံမှုန့်အရောအနှောကို သမအောင် မွှေပေးပါ
  • ကိတ်မုန့်ဖုတ်မည့် ခွက်ကိုbaking paper ခင်းပေးပြီးမှ မုန့်နှစ်ရည်ကို လောင်းထည့်ပါ
  • အာဗင်ကို ၁၈၀ ဒီဂရီဖာရင်ဟိုက်နှင့် ၁ဝမိနစ်ခန့် ကြိုပြီး အပူပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ကိတ်မုန့်ဖုတ်မည့်ခွက်ကို အာဗင်ထဲထည့်ပေးပြီး ၄၅ မိနစ်မှ ၅၅ မိနစ်လောက်အထိ ဖုတ်ပေးပါ
  • မုန်းသား ကျက်မကျက်ကို အသုံးမပြုရသေးသော သွားထိုးဒုတ်တံနှင့် ကိတ်မုန့်သားကို ထိုးကြည့်ပါ
  • ဒုတ်တံမှာ ကိတ်မုန့်သား ကပ်ပါမလာရင် ကိတ်မုန့်ကျက်ပါပြီ
  • ကိတ်မုန့်ဖုတ်ထားသောခွက်ကို အာဗင်ထဲမှထုတ်ပြီး အအေးခံပေးပါ 
  • မုန့်သားအေးပြီဆိုတော့မှ မုန့်ဖုတ်သည့် ခွက်ထဲမှ အပြင်သို့ထုတ်ပေးကာ လိုသလို လှီးပေးပြီး အရသာအလွန်ရှိတဲ့ လီမွန်နံ့မွှေးနေတဲ့ လီမွန်ကိတ်မုန့်ကို နှစ်သလို သုံးဆောင်နိုင်ပါပြီ။


No comments:

Post a Comment