Monday, 9 January 2017

ချဉ်ငံစပ် ပင်လယ်စာအစုံ သခွားသီးသုပ်




ဒီနေ့တော့ ပင်လယ်စာ အစုံကိုပြုပ်ပြီး သခွားသီးနဲ့ ချဉ်ငံစပ်လေး သုပ်ပါတယ် မိုးအေးအေးမှာ အအေးစာပေမဲ့ ချဉ်ငံစပ်လေး သုပ်ဖြစ်တာမို့လို့ သုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သခွားသီး - တလုံး
  • ငရုတ်သီးစိမ်း - ၅တောင့် အစပ်ကြိုက်ပါက ပိုထည့်ပါ
  • ပင်စိမ်းရွက် - အနည်းငယ်
  • ပင်လယ်စာအစုံ - တရုတ်ဟင်းပြင်ပန်းကန်အသေး တလုံးစာ
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • သံပုရာသီး - တစိတ်
  • ငါးငံပြာရည် - ထမင်းစားဇွန် တဇွန်းခွဲ
ပြင်ဆင်ပုံ
  • သခွားသီးကို အလုံးလိုက်ရေဆေးပြီး အခွံခွာဓါးဖြင့်ခြစ်ချပေးပါ
  • ပင်လယ်စာအစုံကို ရေအနည်းငယ် ဆားအနည်းငယ်ထည့်ပြီး ရေခမ်းအောင် ပြုပ်ပေးပါ
  • ရေခမ်းသွားပါက အအေးခံပေးထားပါ
  • ငါးငံပြာရည်ကို ပြင်ထားပါ
  • ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်းထားပေးပါ
  • ပင်စိမ်းရွက်ကို ရေစင်အောင် ဆေးထားပါ
  • အားလုံးပြင်ဆင်ပြီးပါက ဇလုံတလုံးထဲမှာ လိုအပ်သော ပစ္စည်းများထည့်ပြီး သံပုရာညှစ်ကာ နယ်ပေးပါ
  • အရသာ နယ်ပြီးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ချဉ်ငံစပ်နေတဲ့ ပင်လယ်စာအစုံ  သခွားသီးသုပ်လေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment