Wednesday, 11 January 2017

ထိုင်းစတိုင်လ် ပဲကြာဇံကြော်



ဒီနေ့တော့ ထမင်းမချက်ဖြစ်တာနဲ့ ပဲကြာဇံကို အသီးအရွက်များများနဲ့ ထိုင်းစတိုင်လ်လေး ကြော်ဖြစ်ပါတယ် နှမ်းဆီနံ့ သင်းသင်းလေးနဲ့ စားလို့ကောင်းတဲ့အတွက် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲကြာဇံ - တပွဲစာ (လက်တဆုပ်စာ)
  • ကြက်သွန်နီ - တလုံး
  • ကြက်ဥ - တလုံး
  • ကြက်ရင်ပုံသား  - ခပ်သေးသေး တခု
  • ပဲသီး - ၅တောင့်
  • ဂေါ်ဖီ - အနည်းငယ်
  • ပန်းဂေါ်ဖီ - ၅ခက်ခန့်
  • မုန်လာဥနီ - အနည်းငယ်
  • ကြက်သွန်မိတ် - နှစ်ပင်
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်းခွဲ
  • ဆား - အနည်းငယ်
  • ခရုဆီ - ထမင်းစားဇွန်း တဇွန်း
  • ဟင်းခပ်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုပ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ပဲငံပြာရည် အနောက် - ထမင်းစားဇွန်း တဇွန်း
  • ဆီ - စားပွဲတင်ဇွန်းကြီး တ၀က်သာသာ
  • နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၅ပုံတပုံ


ပြင်ဆင်ပုံ

  • ပဲကြာဇံကို ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက် ရေစိမ်ထားပါ
  • ကြက်သွန်နီကို ခပ်ကြီးကြီး အနေအထား တုံးထားပါ
  • ပဲသီးကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ပန်းဂေါ်ဖီကို အခက်လိုက် ရေဆေးပြီး အနေတော် လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး အမြှောင်းလေးတွေ လှီးပေးပါ
  • ကြက်သွန်မိတ်ကို လက်တဆစ်ခန့် လှီးထားပါ
  • ကြက်သားကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ ရေခမ်းတဲ့အထိ ပြုပ်ပေးထားပါ
  • ပြုပ်ထားသော ကြက်သားကို အနေတော် အသားတုံးလေးများရအောင် မွှပေးထားပါ
  • ကြဥကို ခလောက်ထားပါ
  • ရေစိမ်ထားသော ပဲကြာဇံ ပျော့လာပါကဆယ်ပြီး ရေစစ်ထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီကိုထည့်ပါ
  • ပူလာပါက ကြက်သွန်နီနှင့် အသီးအရွက်များကို တမိနစ်လောက် ထည့်ကြော်ပါ
  • ပြီးတာနဲ့ ခလောက်ထားသော ကြက်ဥကို ထည့်ကြော်ပါ
  • ကြက်ဥကျက်တာနဲ့ အသားမွှထားသော ကြက်သား ပဲကြာဇံထည့်ပြီး ငံပြာရည် ဆား ဟင်းခတ်မှုန့် ခရုဆီ ပဲငံပြာရည် တို့ထည့်ကာ သမအောင် မွှေပေးပါ
  • အသီးအရွက်ကြော်စဉ် ထွက်လာသော အရည်ဖြင့် ပဲကြာဇံ ပျော့သွားအောင် ခနထားပေးပါ 
  • ပဲကြာဇံ ပျော့လာပါက အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့နှမ်းဆီ ငရုပ်ကောင်းမှုန့်နှင့် ကြက်သွန်မိတ်ထည့်ပြီး  အရသာနှံ့အောင် မွှေပေးကာ ထိုင်းစတိုင်လ် ပဲကြာဇံကြော်ကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။



No comments:

Post a Comment