Saturday, 14 January 2017

ထိုင်းရိုးရာ ပုစွန်ချဉ်စပ်ပာင်းရည်



ရာသီဥတုက ပူတယ်လေ ဆယ်နွေကဲ ဆိုသလိုပါဘဲ ပူလိုက်တာမှ လူတကိုယ်လုံး အရည်ပျော်တော့မဲ့ မတတ်ပါဘဲ ဒီတော့လဲ အစားအသောက်တွေက ပျက်လာပြီ ဒါပေမဲ့ စိတ်ထဲမှာ ချဉ်ငံလေးတော့ စားချင်လာမိတယ်။

ဒါကြောင့်မို့ တ၀မ်းတခါး နေသာထိုင်သာ ရှိဖို့အရေး  စားချင်မိတဲ့ ချဉ်ချဉ်စပ်စပ်လေးတွေ စားရလေအောင် လေအေးပေးစက်လေးဖွင့်လို့  ချိုချဉ်ငံစပ် တုန်ယမ်းဟင်းရည်လေး ချက်ဖြစ်လိုက်ပါတော့တယ် ဒါကြောင့်မို့လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ


  • ပုဇွန်ထုတ် အကောင်ကြီးကြီး ၁၅ကောင်
  • ကြက်ရိုး - ၃ဆယ်သားခန့်
  • ကြက်ရိုးပြုတ် -၂လီတာ
  • စပါးလင် - ၃ပင် 
  • တောရှောက်ခါးရွက် - ၄ရွက်
  • ပဒဲကော - နှစ်လက်မခန့် 
  • ငရုတ်စိမ်းတောင့် အနီရောင် -၂ တောင့် 
  • ကညွှတ် - ၅ပင်
  • ငါးငံပြာရည် - ထမင်းစားဇွန်း၂ ဇွန်း 
  • ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • သကြား - ထမင်းစားဇွန်း တဇွန်းခွဲ
  • ကောက်ရိုးမှို  - ၅ ခု 
  • ဂဏန်းအသား - အနည်းငယ်
  • ပြုပ်ပြီးသား ဆန်ပြားဖတ် - တရုတ်ဟင်းပြင်ပန်းကန်အလတ် တလုံးစာ
  • သံပုရာရည်  - ထမင်းစားဇွန်း၂ဇွန်း
  • ရှမ်းနံနံနှင့် နံနံပင် - အနည်းငယ်
  • အုန်းနို့ - တရုတ်ဟင်းပြင်ပန်းကန်အသေး တလုံးစာ
  • တုမ်ယမ်းပာင်းအနှစ် - ထမင်းစားဇွန်း တဇွန်း
  • ကြက်သွန်နီ - အနေတော် ၁ လုံး 
  • ခရမ်းချဉ်သီး - အလုံးကြီးကြီး ၁လုံး 
  • ဆား - လိုသလောက်
  • ငါးငံပြာရည် - လိုသလောက်
ပြင်ဆင်ပုံ
  • ကြက်ရိုးကို ရေဆေးပြီး ရေများများထည့်ပြီး ၂လီတာလောက်ကျန်အောင် ပြုပ်ပေးပြီး ပြုပ်ရည်ကို ပြင်ထားပါ
  • စပါးလင်ကို အပင်လိုက်ရေဆေးပြီး ခပ်စောင်းစောင်း ခပ်ထူထူလေး လှီးထားပါ
  • ပဒဲကောကို ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ငရုတ်သီးစိမ်းကို ခပ်ပါးပါး လှီးထားပါ
  • ကောက်ရိုးမှိုကို ရေဆေးပြီး ထက်ခြမ်းလှီးထားပါ
  • ကညွှတ်ကိုလဲ ရေဆေးပြီး အနေတော် လှီးထားပါ
  • ပုဇွန်ကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်ထားပါ
  • ရှမ်းနံနံနှင့်ပင်စိမ်းကို ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ၈စိတ် စိတ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ၈စိတ် စိတ်ထားပါ
  • ကျန်လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ

ပြင်ဆင်ပုံ


  • ဇောက်နက်သော အိုးတလုံးထဲမှာ ကြက်သားပြုတ်ရည်ထည့်ပါ 
  • ထိုအိုးထဲကို စပါးလင် ပဒဲကော တုမ်ယမ်းပာင်းအနှစ် ငရုတ်သီးစိမ်း အနီတောင့် တောရှောက်ခါးရွက် ကြက်သွန်နီတို့ကို ထည့်ကာ ဆူပွက်အောင် တည်ပေးပါ
  • ဟင်းရည်ဆူလာတာနဲ့ ငါးငံပြာရည် သံပုရာရည် ပာင်းခတ်မှုန့် သကြားတို့နှင့် ချဉ်စပ်အရသာရအောင် ပြင်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ ဂဏန်းသား ကညွတ် ပုစွန် ကောက်ရိုးမှိုတို့ကို ထည့်ပေးပါ
  • လိုချင်သော အရသာ ရလာတာနဲ့ အုန်းနို့ထည့်ပေးပြီး ဟင်းအိုးဆူအောင် တည်ပေးပါ
  • စားခါနီး အချိန်ကျမှ ပြုပ်ထားသော ဆန်ပြားဖတ် ခရမ်းချဉ်သီး ရှမ်းနံနံ နံနံပင်တို့ထည့်ကာ ဟင်းပွဲကို ပြင်ပေးပါ

No comments:

Post a Comment