Monday 16 January 2017

ပုဇွန်ထုတ်ကင်






ဒီနေ့တော့ ပုဇွန်ထုတ် လတ်လတ်ဆတ်ဆတ်လေးတွေ ရလာတာနဲ့ ပုဇွန်ကင် မွှေးမွှေးလေး ကင်စားကြပါတယ် ပုဇွန်ကင်နည်းတွေ ပေါင်းစုံရှိပေမဲ့ ဒီတစ်ခါတော့ ထိုင်းစတိုင်လ် ကင်နည်းနဲ့ ကင်ဖြစ်လို့ မာမာပြင်ဆင်ထားတဲ့ ကင်နည်းလေးကို မျှဝေလိုက်ပါတယ်။

ဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် -  အကောင်ကြီးကြီး ၅ကောင်
  2. တောရှောက်ခါးရွက် - ၂ရွက်
  3. ချင်း - ခပ်သေးသေး ၂ပြား
  4. ငရုတ်သီးစိမ်း - အနီရောင် ၂တောင့်
  5. ပူစီနံ - အနည်းငယ်
  6. သံပုရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  8. ဆား  - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ဆီ - ထမင်းစားဇွန်း၂ဇွန်း
  11. ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  14. ပုဇွန်ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  15. ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး

ပြင်ဆင်ပုံ
  • ပုဇွန်ထုတ်များကို ရေဆေးပြီး ကြောဖက်မှခွဲကာ အမည်းကြောင်းကို ထုတ်ပေးထားပါ
  • ကြောခွဲထားသော ပုဇွန်များကို ဇလုံတလုံးထဲထည့်ပြီး တောရှောက်ခါးရွက် ဆား ငရုတ်ကောင်းမှုန့် ခနောကြက်သားမှုန့်နှင့် ဆီအနည်းငယ်ထည့် အရသာနယ်ကာ နာရီဝက်လောက် နှပ်ထားပါ
  • ပုဇွန်ကင်မယ်ဆိုရင်တော့ မီးသွေးမီးဖို သို့မဟုတ် ထင်းမီးဖိုက အကောင်းဆုံပါ
  • မီးသွေးမီးဖိုနှင့် ထင်းမီးဖို အဆင်သင့်မရှိပါက grill pan ကို အပူပေးပြီး ကင်ပေးပါ
  • ပုဇွန်အကွေး ငါးအနွေးဖြစ်လို့ ပုဇွန်ကို အကြာကြီး ကင်စရာမလိုပါ အရောင်ပြောင်းပြီး မွှေးလာတာနဲ့ ရပါပြီ
အချဉ်စပ်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးပေးပါ
  • ခရမ်းချဉ်သီးကို ရေမြုပ်အောင်ထည့်ပြီး အခွံကွာသွားတဲ့အထိ ပြုပ်ကာ အခွံခွာထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
  • စပါးလင်ကို နုတဲ့နေရာကိုယူပြီး ရေဆေးကာ  ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို ထက်ဝက်ခြမ်းပြီး အရည်ညှစ်ထားပါ
  • ပူစီနံကို ရေဆေးထားပါ
  • ပြုပ်ထားသော ခရမ်းချဉ်သီးကို ချေပေးပြီး ဆား ငံပြာရည် သကြား အချိုမှုန့်တို့ကိုထည့်ပြီး အထက်ပါ ပါဝင်ပစ္စည်းအားလုံးကို ဇလုံထဲထည့်ကာ သမအောင် ရောမွှေပေးပါ
  • ပုဇွန်ကင်များကို ပန်းကန်ထဲ ပြောင်းထည့်ကာ အချဉ်ရည် ချဉ်ငံစပ်လေးနှင့် တွဲဘက်ပြီး စားသုံးရန် ပြင်ပေးပါ

No comments:

Post a Comment