Tuesday 10 January 2017

ပုဇွန်ငါးပိထောင်း



ဒီနေ့တော့ နေ့စဉ်ချက် ဟင်းလေးတွေကို တင်ပေးနေတဲ့ ဒီနေရာကနေ ထိုင်းငါးပိထောင်း ချဉ်ငံစပ် ထောင်းနည်းလေး မျှဝေလိုက်ပါတယ် ထောင်းနည်းလေး တူပေမဲ့ တစ်ခါတလေမှာ ပါဝင်ပစ္စည်းလေးတွေ မတူတတ်တာလေးတွေ ရှိတတ်ပါတယ်။

ချဉ်စော်ကားသီး မရှိတဲ့ အရပ်ဒေမှာ သရက်သီးကို အစားထိုးပြီး ထောင်းရတဲ့ အခါမျိုးပေါ့ အဓိကကတော့ ပါးစပ်အရသာ တွေ့ဖို့လိုပါတယ် ဒါကြောင့်မို့ ငါးပိထောင်းနည်းလေး တူပေမဲ့ ပါဝင်ပစ္စည်း အနည်းငယ် မတူတဲ့အတွက် ဖြည့်စွက်ပြီး တွေးပေးကြစေချင်ပါတယ်ရှင့်။

ပါဝင်ပစ္စည်းများ

  1. ထိုင်းပုဇွန်ငါးပိဗူးအသေး - ၁ဗူး
  2. ပုစွန်ခြောက် - အကောင် ၃၀ခန့်
  3. ငရုတ်သီးစိမ်း - ၁၅တောင့်ခန့်
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၅မွှာ
  5. သရက်သီးစိမ်း - ခပ်ကြီးကြီး တစ်လုံး
  6. ငါးငံပြာရည် - ထမင်းစားဇွန်း၂ဇွန်း
  7. ထိုင်း ကြံသကာအနှစ် -ထမင်းစားဇွန်း ၁ဇွန်း
ပြင်ဆင်ပုံ
  • အရင်ဆုံး အိုးအဖုံးမှာ ပုဇွန်ငါးပိကို ကပ်ပေးပြီး မီးအေးအေးမှာ ကင်ပေးပါ
  • အိုးအဖုံးမှာကပ်ပြီး ကင်ရတာ အဆင်မပြေပါက ပန်းကန်ထဲမှာထည့်ပြီး မိုက်ခရိုဝေ့ မီးဖိုထဲမှာ တစ်မိနစ်စီ ၂ခါကင်ပေးပါ
  • ပုဇွန်ခြောက်ကို ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • သရက်သီးစိမ်းကို အညှာဖက်မှ ခပ်ပါးပါး လှီးပေးပြီး  နာရီဝက်လောက် ရေစိမ်ထားပါ
  • ပြီးမှအခွံခွာပြီး ခပ်နုတ်နုတ် ပေါက်ပေးပြီး လှီးထားပါ
  • ငရုတ်ဆုံထဲမှာ ပုဇွန်ခြောက် ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို ခပ်ကြမ်းကြမ်း ထောင်းပေးပါ
  • ပြီးတာနဲ့ အခွံခွာပြီး ပေါက်ထားသော သရက်သီးစိမ်းကို ထည့်ထောင်းပေးပါ
  • သရက်သီးစိမ်း နည်းနည်းညက်တာနဲ့ မီးကင်ထားသော ငါးပိနှင့် ကြံသကာအနှစ်ကို ထည့်ပြီးထောင်းပေးပါ
  • ငါးငံပြာရည်ထည့်ပြီး ငရုတ်ကျည်ပွေ့နှင့် ခပ်ဖွဖွ မွှေပေးကာ အရသာကို လိုသလို ပြင်ပေးပြီးပါက ထိုင်းငါးပိထောင်း ချဉ်ငံစပ်ကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment