Tuesday 17 January 2017

ကြက်သား ချိုချဉ်ကြော်


ဟင်းအမယ် ၂မျိုးလောက် ချက်ရမှာ ပျင်းတဲ့နေ့တွေမှာ တစ်မျိုးထဲနဲ့ စားမြိန်စေမဲ့ ချိုချဉ်ကြော်လေးဘဲ ကြော်ဖြစ်ပါတယ် ဒီကြော်နည်းလေးက လွယ်ကူပြီး စားလို့ကောင်းတဲ့အတွက် ကြော်နည်းလေးကို မျှဝေလိုက်ပါတယ် ။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - ခပ်ကြီးကြီး တစ်ခု
  2. ကြက်ဥ - တစ်လုံး
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ပဲသီး  - ငါးတောင့်
  5. ပဲစိမ်းသီး - ဆယ်တောင့်ခန့်
  6. မုံလာဥနီ - အနေတော် တစ်ဥ
  7. မှို - ငါးပွင့်
  8. ဘရိုကိုလီ - သုံးခက်ခန့်
  9. နာနာတ်သီး - တစ်စိတ်
  10. ကြက်သွန်နီ - အနေတော် တစ်ဥ
  11. ချင်းအမျှင် - အနည်းငယ်
  12. ကြက်ဥ - တစ်လုံး
  13. ဂျုံမှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  14. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  15. ကြက်သွန်မြိတ် - သုံးပင်ခန့်
  16. သံပုရာရည်
  17. ပဲငံပြာရည်
  18. သကြား
  19. နာနတ်သီးအရည်
  20. နာနတ်သီး
  21. ကော်မှုန့်
  22. ခရမ်းချဉ်သီးဆော့စ်
  23. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  24. ဆီ - လိုသလောက် 

ချိုချဉ်ဆော့စ်ကျိုရန်
  • ခရမ်းချဉ်သီးဆော့စ် - ထမင်းစားဇွန်း သုံးဇွန်း
  • သကြား ထမင်းစားဇွန်း -နှစ်ဇွန်း
  • သဘာဝနာနတ်သီးအရည် - ထမင်းစားဇွန်း သုံးဇွန်း
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  • သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  • ရေ လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးသာသာ
  • ခရမ်းချဉ်သီးဆော့စ် သကြား ရေ ကော်မှုန့် နာနာတ်ရည် ပဲငံပြာရည် သံပုရာရည်နှင့် ဆားတို့ကို ရောပြီးကျိုထားပေးပါ။
ပြင်ဆင်ပုံ
  • ကြက်သားကို အနေတော် အတုံးလေးတွေတုံးပြီး ဆား ကြက်သားမှုန့်တို့နဲ့  အရသာ နယ်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်ခွဲပြီး အလွှာတွေကို ခွာပေးထားပါ
  • အခြားအသီး အနှံတွေကိုလည်း ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ 
  • ကြက်သွန်မြိတ်ကို ၁လက္မအရွယ် ပိုင်းဖြတ်ပေးပါ
  • ချင်းကိုအခွံခွာပြီး မျှင်မျှင်လေးတွေ လှီးပေးပါ
  • အရသာနယ်ထားတဲ့ ကြက်သားကို ကြေအောင်ခေါက်ထားတဲ့ ကြက်ဥအရည်ထဲနှစ်ပြီး ဂျုံမှုန့်တွေထဲ ကပ်လူးပေးပါ
  • ဆီစားပွဲတင်ဇွန်း သုံးဇွန်းခန့် ဒယ်အိုးထဲထည့်ကာ အပူပေးပါ
  • ဆီပူပူမှာ ဂျုံမှုန့်လူးထားသော ကြက်သားကို ရွှေဝါရောင်ရအောင် ကြော်ယူပြီး ဆီစစ်ထားပါ
  • အခြားဒယ်အိုး တလုံးကို ဆီထမင်းစားဇွန်း လေးဇွန်းလောက်ထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ချင်းမျှင်လေးတွေကို ဆီသတ်ပြီး အသီးအရွက်တွေကို ထည့်ကြော်ပါ
  • အနည်းငယ် နွမ်းသွားလျှင် ဆယ်ယူထားတဲ့ ကြက်သားကြော်တွေ ထည့်ပြီးကြော်ပေးပါ
  • ပြီးတာနဲ့ ကျိုထားသော ချိုချဉ်ဆော့စ်ရည် လောင်းထည့်ပေးပါ
  • အသီးအရွက်များ အရမ်းမနူးခင် ကြက်သွန်မြိတ်လေး ဖြူးပေးပြီးပါက ကြက်သားချိုချဉ်ကြော်လေးကို စားပွဲပြင်ပေးလို့ ရပါပြီ။

No comments:

Post a Comment