Saturday 7 January 2017

ငါးဥ ဆီပြန်ဟင်း



မြန်မာပြည်မှာနေတုန်းက မကြာမကြာ ချက်စားဖြစ်တဲ့ ငါးသလောက်ဥ ဆီပြန်ဟင်းလေးကို ဒီနေ့ ချက်ဖြစ်ပါတယ် ဆီနိုင်နိုင်သတ်ပေးပြီး မကျည်းမှည့်ရည်အုပ်ကာ အချဉ်ဆီပြန်ဟင်းလေး ချက်ဖြစ်သွားတာနဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးဥ - ၃ခု
  2. ထောင်းထားသော ကြက်သွန်ဖြူ - အနေတော် တစ်ဥ
  3. ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ထောင်းထားသော ချင်း - လက်တစ်ဆစ်ခန့်
  5. ငရုတ်သီး အရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. မကျီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ငါးအရသာနယ်ရန်

  • သန့်စင်ပြီး ရေစင်အောင်ဆေးထားသော ငါးဥကို ဇလုံကျယ်ကျယ်ထဲ ထည့်ပေးပါ
  • ဆား ငံပြာရည် နနွင်းမှုန့်အရသာမှုန့်တို့ထည့်ပေးပြီး အရသာဝင်စေရန် ငါးဥကို ဆုတ်ပြီးနယ်ပေးပါ

ဟင်းချက်ရန်

  • အရင်ဆုံးဆီကို ပူအောင်တည်ပေးပါ
  • ဆီပူလာပါက ထောင်းထားသော ချင်း ကြက်သွန်ဖြူ နီနှင့် ငရုတ်သီးမှုန့်တို့ကို တမိနစ်လောက် မွှေးလာတဲ့ထိထည့်မွှေပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ အရသာ နယ်ထားတဲ့ ငါးဥကိုထဲ့ပြီး ငါးဥအသားများ မာလာတဲ့ထိ အိုးကိုလှုပ်ပေးပါ
  • ငါးဥအသား မာတာနဲ့ရေမြုပ်အောင်ထည့်၍ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေဆူလာတာနဲ့မကျီးမှည့် အနှစ်ထည့်ပြီး ဆီပြန်တဲ့အထိ တည်ပေးပါ
  • ဆီပြန်လာပါက အရသာမြည်းပြီး လိုသလိုပြင်ပေးပါ ချဉ်ငံစပ် အရသာကောင်းတဲ့ ငါးဥဆီပြန်ဟင်းလေး ရပါပြီ။

No comments:

Post a Comment