Sunday 22 January 2017

ဆိတ်သားစင်းကော







ဒီတစ်ခါတော့ အိမ်အလုပ်လေး နည်းနည်းပါးတုန်း ဆိတ်သားကို စင်းကောလုပ်ကာ ချိုချဉ်ငံစပ် အကုန်ထည့်ပြီး ငရုတ်ကောင်း များများနဲ့ အရှေ့တိုင်း အနောက်တိုင်း ရောသမမွှေပြီး ရောသမမွှေ ဆိတ်သားဟင်းလေး ချက်ဖြစ်တာမို့လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်သား - 500 g
  2. ခရမ်းချဉ်သီး - လှီးပြီးသား ready made တစ်ဗူး
  3. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း မောက်မောက် 
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ထောပတ် - 50 g
  10. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  11. ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ငရုတ်ကောင်းစေ့ - လဖက်ရည်ဇွန်း တစ်ဇွန်း မရှိတစ်ရှိ
  13. နံနံစေ့ - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • ဆိတ်သားကို ရေဆေးပြီး နုတ်နုတ်ပါအောင် စင်းထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ငရုတ်ကောင်းနှင့် နံနံစေ့ကိုလှော်ပြီး မညက်တစ်ညက် ထောင်းထားပါ
  • ခရမ်းချဉ်သီးဗူးကို ဖောက်ထားပါ
  • ထောပတ် ဆီ ဆား ငရုတ်သီးမှုန့် အရသာမှုန့် ကော်မှုန့်နှင့် သံပုရာရည်တို့ကို ပြင်ထားပါ
  • အဆင်သင့် ဖြစ်တာနဲ့ ခရမ်းချဉ်သီးမှလွဲပြီး ပါဝင်ပစ္စည်း အားလုံးကို သမအောင် ရောမွှေပေးပါ
  • ပြီးတာနဲ့ oven ထဲထည့်ဖုတ်မည့် ဇောက်နက်သော ဗန်းထဲကို ထည့်ပေးပါ
  • ထည့်ပြီးသော အသားများ အပေါ်ကို ခရမ်းချဉ်သီးဗူး လောင်းထည့်ကာ ဖြန့်ပေးပါ
  • အပေါ်မှ ခဲပါတ်ဖြင့် လုံအောင်အုပ်ပေးပါ
  • Oven ကို 200°c ဖြင့် အသားမထည့်ခင် ၁၅မိနစ်ခန့် ကြိုဖွင့်ထားပါ
  • အဆင်သင့် ဖြစ်တာနဲ့ အသားထည့်ထားသော ဗူးကို ဗန်းတစ်ခုခံပြီး oven ထဲမှ မိနစ်၄၀ခန့် ထည့်ဖုတ်ပေးပါ
  • ၄၅ မိနစ်ပြည့်တာနဲ့ မွှေးပြီး အရသာ ကောင်းမွန်သော ဆိတ်သားစင်းကော ချိုချဉ်ငံစပ် မွှေးမွှေးလေးကို အရသာရှိစွာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment