အိမ်မှာ ၀က်သားဆိုတာ စားခဲတဲ့ အစာတစ်ခု ဖြစ်ပါတယ် ဒါပေမဲ့ အခုရက်ထဲ ကြက်သားတွေ စားရတာလဲ အာမတွေ့လေတော့ ၀က်သားဖက်လှည့်လို့ ဟင်းဖြစ်အောင် ချက်ရပြန်ပါတယ် ဒီနေ့တော့ စားချင့်စဖွယ် မွှေးပျံ့နေတဲ့ ၀က်သားလုံး ကြော်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်သား - အသားကောင်းကောင်း 350 g
- ချင်း - လက်တဆစ်ခန့်မရှိတစ်ရှိ
- ကြက်ဥ - တစ်လုံး
- ပြောင်းကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ကြက်သွန်ဖြူ - အမွှာကြီးကြီးနှစ်မွှာ
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တဇွန်း
- နှမ်းဆီ - လက်ဖက်ရည်ဇွန်းဖျား သုံးပုံတစ်ပုံ
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
- ဝက်သားကို ရေစင်အောင်ဆေးပြီး ရေခြောက်အောင် ခနစစ်ထားပါ
- ပြီးမှ စဥ့်နီတုံး ကောင်းကောင်းပေါ်မှာ ညှက်နေအောင် နုတ်နုတ်စင်းပေးပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးပေးပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင်ထောင်းပြီး အရည်ညှစ်ယူထားပါ
- ကြက်ဥကို အနှစ်ဖယ်ထားပြီး အကာကို ပြင်ထားပါ
- ခပ်နုတ်နုတ် စင်းထားသော အသားများ ချင်းထောင်းထားသော အရည် ဆား ငရုတ်ကောင်းမှုန့် နှမ်းဆီ ပဲငံပြာရည်အကြည် အရသာမှုန့် နနွင်းမှုန့် စင်းထားသော ကြက်သွန်ဖြူ ကြက်သွန်နီ ပြောင်းကော်မှုန့် ကြက်ဥအကာတို့ကို ဇလုံကျယ်ကျယ် တစ်ခုမှာ ထည့်ပေးပြီး သမအောင် နယ်ပေးပါ
- အနေတော် ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
- ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပြီးမှ အရသာ နယ်ထားသော ၀က်သားကို အနေတော် အလုံးလေးတွေ လုံးပြီးထည့်ကြော်ပါ
- ကြော်နေစဉ် မီးအရမ်း မများအောင် သတိထားပါ မီးအရမ်းများပါက အပြင်သားများ အကျက်လွန်လွယ်ပြီး အထဲက မကျက်ဘဲ နေတတ်ပါတယ်
- ဝက်သားလုံးများကို အထက်အောက် အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
- ၀က်သားလုံးများ ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးကာ နှစ်သက်ရာ အချဉ်တို့ဖြင့် တွဲဖက်လို့ စားသုံးနိုင်ပါပြီ။
No comments:
Post a Comment