တခါတလေ အသီးအရွက် ထောင်းလေးတွေ ထောင်းစားရတာ ဒီအတိုင်းလေးဘဲစားစား ထမင်းဖြူလေးနဲ့ဘဲစားစား စားလို့အရမ်းကောင်းပါတယ် ယိုးဒယားမိတ်ဆွေတွေ ထောင်းတဲ့နည်းအတိုင်း ထောင်းထားလို့ စားမိန်ဟင်းလေး တစ်မယ်တော့ ဖြစ်လာမှာ သေချာပါတယ်။
ပါဝင်ပစ္စည်းများ
- ပြောင်းဖူး - တစ်ဖူး
- သင်္ဘောသီး - အနေတော် တစ်ခြမ်း
- မုံလာဥနီ - အနေတော်တစ်ဥ
- ချယ်ရီခရမ်းချဉ်သီး - ၅လုံးခန့်
- ပဲတောင့်ရှည် - ၅တောင့်ခန့်
- ကြက်သွန်ဖြူ - ၃မွှာ
- ပုဇွန်ခြောက် - ၁၅ကောင်ခန့်
- ငရုတ်သီး အခြောက်တောင့် - ၇တောင့်ခန့်
- ထန်းလျှက်ခဲ - တခဲ
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - အနည်းငယ်
- သံပုရာသီး - တခြမ်း
- ကြက်ဥ -၂လုံး
ပြင်ဆင်ပုံ
- ပြောင်းဖူးကို ကျက်အောင်ပြုပ်ပြီး ဓါးနှင့်လှီးချပေးထားပါ
- သင်္ဘောသီးကို အခွခွာပြီး ရေဆေးကာ ခြစ်ထားပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခြစ်ထားပါ
- သင်္ဘောသီး ခြစ်ပြီးသားနှင့် မုံလာဥနီ ခြစ်ပြီးသားကို ပြင်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
- ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော် လှီးထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
- ပုဇွန်ခြောက်ကို ရေဆေးထားပါ
- ငရုတ်သီး အခြောက်တောင့်ကို ရေဆေးထားပါ
- ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
- ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားကာ အနေတော် စိတ်ပေးထားပါ
- ကျန်လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
- ငရုတ်ဆုံထဲမှာ အရင်ဆုံး ငရုတ်သီးတောင့်နှင့် ပုဇွန်ခြောက်ကို မညက်တစ်ညက် ရအောင် ထည့်ထောင်းပါ
- ပြီးတာနဲ့ထန်းလျှက်ခဲ မုံလာဥနီ သင်္ဘောသီး ပဲသီးတို့ကို ခပ်ဖွဖွ ထည့်ထားပါ
- ထောင်းထားတာတွေကို သမအောင် ဇွန်းနဲ့မွှေပေးပြီး ခရမ်းချဉ်သီး ဆား ငံပြာရည်နှင့် သံပုရာရည်တို့ထည့်ကာ ခပ်ဖွဖွထည့်ထောင်းကာ ဇွန်းနှင့်သမအောင် မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
- အရသာ ပြင်ပြီးတာနဲ့ ပန်းကန်တခုထဲထည့်ကာ ကြက်ဥကို ထည့်ပေးပြီး ပြောင်းဖူးထောင်း ချိုချဉ်ငံစပ်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment