Wednesday 24 May 2017

ပဲပုတ်စေ့ ကန်စွန်းရွက်ကြော်


တစ်ပါတ်မှ တစ်ခါသာ ရတတ်တဲ့ ကန်စွန်းရွက်ကို ပဲပုတ်စေ့လေးထည့်ပြီး အစပ်လေး ကြော်ဖြစ်ပါတယ် သတ်သတ်လွတ်လေး စားမယ်ဆိုရင်လဲ အဆင်ပြေတဲ့ ဟင်းတမစ်ယ်ဖြစ်လို့ လွယ်ကူမြန်ဆန် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကန်စွန်းရွက် - လက်တဆုတ်စာ တစ်စည်း
  2. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  3. ပဲပုတ်စေ့ - ထမင်းစားဇွန်း တစ်ဇွန်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
  9. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. ကန်စွန်းရွက် အပင်ရဲ့ ရင့်နေတဲ့ နေရာများကို ဖယ်ပြစ်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  3. ငရုတ်သီးစိမ်းကို ရေဆေးပြီး လှီးထားပါ
  4. ပဲပုတ်စေ့နှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  5. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  6. ဆီအငွေ့ တက်လာတာနဲ့ နနွင်းမှုန့်နှင့် ဆားကိုအရင်ဆုံး ထည့်ကြော်လိုက်ပါ
  7. ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပြီး ငရုတ်သီးစိမ်းကို ထည့်ကြော်ပေးပါ
  8. ပြီးတာနဲ့ ကန်စွန်းရွက်များ ထည့်ပြီးတာနဲ့ ပဲပုတ်စေ့ ဆားနှင့် အချိုမှုန့်ထည့်မွှေပါ
  9. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ဖြူးပြီး ပူနေတုန်းလေး ပန်းကန်ထဲပြောင်းထည့်ကာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment