ဒီနေ့တော့ မနေ့က ဝယ်လာပြီး ပြုပ်ထားတဲ့ အမဲနှစ်လုံး ပြုပ်ပြီးသားကို ဘယ်လိုလုပ်စားရင် ကောင်းမလဲလို့ တွေးနေရင်းက နောက်ဆုံးတော့ ချဉ်ငံစပ်လေး သုပ်စားဖို့ ပြင်ဆင်မိတာကြောင့် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- အမဲနှစ်လုံး - 350 g
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ချင်း - လက်တစ်ဆစ်ခန့်(အမဲနှစ်လုံးပြုပ်ရန်)
- ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်(အမဲနှစ်လုံးပြုပ်ရန်)
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အမဲနှစ်လုံးပြုပ်ရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အမဲနှစ်လုံးပြုပ်ရန်)
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ဂေါ်ဖီ - တစ်စိတ်
- မုံလာဥနီ - အနေတော် တစ်ဥ
- နံနံပင် - နှစ်သက်သလောက်
- ချယ်ရီခရမ်းချဉ်သီး - ၇လုံးခန့်
- သံပုရာသီး - တစ်စိတ်
- ငရုတ်သီးစိမ်း - နှစ်သက်သလောက်
- ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
- သခွားသီး - အနေတော် တစ်လုံး
- ငရုတ်ဆီအချဉ် - ထမင်းစားဇွန်း တစ်ဇွန်း
- သံပုရာသီး - တစ်ခြမ်း
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
အမဲနှစ်လုံးပြုပ်ရန်
- အမဲနှစ်လုံးကို ရေစင်အောင်ဆေးပြီး နနွင်းမှုန့် ဆား ခနောကြက်သားမှုန့်နှင့်နယ်၍ ချင်းကို ခပ်ပါးပါးလှီးပြီးထည့်ကာ အရသာဝင်အောင်နယ်၍ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ။
- ရေခမ်းပါက အအေးခံထားပြီး ခပ်ပါးပါး လှီးထားပါ။
ပြင်ဆင်ပုံ
- ကြက်သွန်နီကို အခံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါးလှီးပြီး ရေဆေးထားပါ။
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ။
- သခွားသီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။
- ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။
- မုံလာဥနီကို အခွံခွာပြီး ခပ်သေးသေးလေးတွေ ခြစ်ထားပါ။
- ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းထားပါ။
- နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ။
- အမဲနှစ်လုံးကို ခပ်ပါးပါး လှီးထားပါ။
- လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ။
- ဇလုံတစ်လုံးထဲမှာ အမဲနှစ်လုံးများ ကြက်သွန်နီ ကြက်သွန်ဖြူ နံနံပင် ငရုတ်သီးစိမ်း ဂေါ်ဖီ ငရုတ်သီး အလှော်မှုန့် သခွားသီး အချိုမှုန့် ခရမ်းချဉ်သီး ငရုတ်ဆီအချဉ် ငံပြာရည်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး ခပ်ဖွဖွ နယ်ပေးပါ။
- အရသာ နယ်ပေးပြီးပါက အရသာမြည်းပြီး လိုအပ်သလို ပြင်ပေးကာ အမဲနှစ်လုံး ချဉ်ငံစပ်အသုပ်ကို စားပွဲပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment