Wednesday 22 June 2016

ပဲပြုပ် မျှစ်ကြော် စိမ့်စိမ့်လေး


မျှစ်ကို ဘယ်လိုချက်ချက် အရမ်းကြိုက်တဲ့ အစာထဲမှာ ပါတဲ့အတွက် ဒီတစ်ခါတော့ သတ်သတ်လွတ် စားသူတွေလဲ စားနိုင်အောင် ပဲပြုပ်နဲ့ရောပြီး ကြော်ထားပါတယ် စိမ့်စိမ့်လေးနဲ့ စားကောင်းလွန်းလို့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပြုပ်ပြီး ခပ်သေးသေးလေးတွေ လှီးထားသော မျှစ် - 500 g
  2. ကြက်သွန်နီ - အနေတော် တဥ
  3. ပဲပြုပ်ပြီးသား - မိမိနှစ်သက်သလောက်
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ
  1. အဆင်သင့် လှီးထားသော မျှစ်ကို ရေဆေးပြီးစစ်ထားပါ
  2. ပဲပြုပ်ကို အဆင်သင့် ပြင်ထားပါ
  3. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးလှီးထားပါ
  4. ဆီကို အပူပေးပြီး နနွင်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပါ
  5. ကြက်သွန်နီကို နွမ်းရုံလေးဘဲ ကြော်ပြီးမျှစ်ကို ထည့်မွှေပါ
  6. ၂မိနစ်လောက်ကြော်ကာ ဆားနှင့် အရသာမှုန့်ထည့်မွှေပြီး တမိနစ်လောက် ကြော်ပြီးတာနဲ့ ပဲပြုပ်ကို ထည့်ပြီး မွှေပေးပါ
  7. ပဲပြုပ်ထည့်ပြီး တစ်မိနစ်လောက် ကြော်ပြီးတာနဲ့ လွယ်ကူမြန်ဆန်သော ပဲပြုပ်မျှစ်ကြော်ကို အရသာမြည်းပြီး လိုသလိုပြင်ကာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment