Monday, 20 June 2016

အသားတု အချဉ်ဆီပြန်ဟင်း






အသားမစားချင်ဘူးလို့ ပြောလိုက်တာနဲ့ ဒီအမေက ထုံးစံအတိုင်း အသီးအရွက်တွေ ဟိုကဆွဲထုတ် ဒီကဆွဲထုတ် ဘယ်လိုများ ချက်ပေးရင်ကောင်းမလဲ စဉ်းစားရင်း အိမ်ရှေ့လျှောက် အိမ်နောက်လျှောက်နဲ့ ခေါင်းတွေခြောက်ရတာလဲ အကြိမ်ကြိမ်ပါဘဲ။

ဒီနေ့တော့ အသီးအရွက်တွေအစား အသားတုကို ခရမ်းချဉ်သီးဗူးဖောက်ပြီး ဆီပြန်ချက်ပေးဖြစ်တာမို့လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အသားတု - 200g
  • ခရမ်းချဉ်းသီးဗူး - ready made 400g တဗူး
  • ဆီ - စားပွဲတင်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း မောက်မောက်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ကြက်သွန်နီ - အနေတော် တလုံး


အသားတု အရသာနယ်ရန်

  • အသားတုကို ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက်စိမ်ထားပါ
  • ရေစိမ်ပြီး ပွလာပါက ရေများညှစ်ပလိုက်ပါ
  • နနွင်းမှုန့်
  • ဟင်းချိုမှုန့်
  • နနွင်းမှုန့် 
  • ဆား အားလုံးတို့ကို အသားတုဇလုံထဲထည့်ပြီး အရသာဝင်အောင် နယ်ထားပါ

ဟင်းချက်ရန် လိုသောပစ္စည်းများ

  1. ဆီ 
  2. ကြက်သွန်ဖြူကို ညက်နေအောင် ထောင်းထားပါ
  3. ကြက်သွန်နီကို ညက်နေအောင်ထောင်းထားပါ
  4. ငရုတ်သီးအရောင်တင်မှုန့်
  5. ခရမ်းချဉ်သီးဗူး 
ပြင်ဆင်ပုံ
  • အသားတုနှင့်ချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ နီနှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ခရမ်းချဉ်သီးဗူးကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့ အရသာနယ်ထားသော အသားတုကိုထဲ့ပြီး မွှေပေးပါ
  • ခရမ်းချဉ်သီးမှ ထွက်လာသော အရည်များ မခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ရခမ်းပြီး ဆီပြန်လာပါက ချဉ်ဖြုံ့ဖြုံ့ အရသာနဲ့ မွှေးလွန်းတဲ့ အသားတုအချဉ်ဆီပြန်ဟင်းကို စားသုံးနိုင်ပါပြီ။

2 comments:

  1. အသားတုဟင်း အရမ်းကြိုက် အမ ရဲ့ ပရိသတ်ပါ

    ReplyDelete
    Replies
    1. ဘလော့ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်

      Delete