Tuesday, 21 June 2016

အသားတု​ကြော်​ မွှေးမွှေးလေးနှင့် ပန်ထွေဖျော်





သတ်သတ်လွတ် စားချင်များအတွက် အရမ်းကို အဆင်ပြေစေတဲ့ အသားတုကြော်ပါ ကြော်ချိန်လဲ မကြာသလို ကြော်ရတာလဲ လွယ်ကူလွန်းပါတယ်။

ဒါပေမဲ့ အကြော်မတတ်ရင်တော့ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်တဲ့ အသားတုကြော်ပါ ဆီအများကြီးနဲ့ ကြော်စရာမလိုဘဲ အိုးကင်းပူ တိုက်တယ်ဆိုရုံ သာသာလေး ထည့်ပြီးကြော်ရတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။

ခရမ်းချဉ်သီးလေးကို ပန်ထွေဖျော်လို့ အသားတုကြော် ပူပူလေးနဲ့စားဖို့ ပြင်ဆင်လိုက်ကြရအောင်

ပါဝင်ပစ္စည်းများ

  • အသားတု  - 100g
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပန်ထွေဖျော်ရန်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • နှမ်းဆီ - ၃စက်လောက်
  • ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
  • နံနံပင် - နှစ်သက်သလောက်
  • ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  • ခရမ်းချဉ်သီးကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • အခွံများ ကွဲအက်လာပြီဆိုတာနဲ့ အခွံများခွာကာ ရေထဲမှဆယ်ပြီး အအေးခံထားပါ
  • ကြက်သွန်ဖြူကို ညက်နေအောင် ထောင်းထားပါ
  • နံနံပင်ကို ရေဆေးပြီး လှီးထားပါ
  • ငရုတ်သီးစိမ်းကို လှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ခရမ်းချဉ်သီးကို ကျေသွားအောင် ချေပေးပါ
  • ခရမ်းချဉ်သီးမှ ထွက်လာသော အရည်ထဲမှာ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ဆား အချိုမှုန့် နံနံပင် ဆီတို့ထည့်ပြီး မွှေပေးပါ
 အသားတုကြော်ရန် ပြင်ဆင်ပုံ
  1. အသားတုများကို ရေမြုပ်အောင် ထည့်ပြီး နာရီဝက်လောက် ရေစိမ်ထားပါ
  2. မာမာ ရေစိမ်တဲ့ အသားတုက မာတဲ့အတွက် အချိန်ကြာအောင် ရေစိမ်ရပါတယ် မြန်မာပြည်က အသားတုက အသာုးက အသားပွတဲ့အတွက် ရေစိမ်ချိန်လျှော့ပြီး စိမ်ပေးရပါမယ်   
  3. အသားတုများ ပွလာတာနဲ့ ရေညှစ်ပြီး ဇလုံတလုံးထဲမှာ ဆား အချိုမှုန့်တို့နဲ့ အရသာဝင်အောင် နယ်ထားပါ
  4. ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ
  5. ဆီအငွေ့ တက်လာတာနဲ့ အရသာနယ်ထားသော အသားတုကို ထည့်ကြော်ပါ
  6. ကြော်နေစဉ် အကျက်ညီစေရန် အဆက်မပြတ်မွှေပေးပါ
  7. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့  ပန်းကန်ထဲပြောင်းထည့်ပေးပါ
  8. ပန်ထွေဖျော်နှင့် လိုက်ဖက်လွန်းတဲ့ အသားတုကြော် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment