Wednesday, 1 June 2016

ပုဇွန်​ ချိုချဉ်​ကြော်


ထမင်းမိန်မိန် သုံးဆောင်နိုင်ဖို့ ချက်ရတာ အရမ်းလွယ်ပြီး အရမ်းစားလို့ကောင်းတဲ့ ပုဇွန်ချိုချဉ်ကြော်နည်းလေး မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ

  • ရေဆေးပြီး ခေါင်း အမြှီးဖြုက်ကာ ကြောဖက်မှ အမည်းကြောင်းထုတ်ထားသော ပုဇွန်ထုတ် - ၁၂ကောင်
  • အဖတ်လေးများရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တဥ
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • အနေတော် လှီးထားသော ဘရိုကိုလီ- ၁၀ခက်
  • သင့်သလို လှီးထားသော မုံလာဥနီ - အနေတော် တဥ
  • ခပ်ထူထူလှီးထားသော ဂေါ်ဖီ - တရုတ်ဟင်းပြင်ပန်းကန်အသေး တလုံးစာ
  • အနေတော် လှီးထားသော ပဲသီး - ၁ုတောင့်
  • တလက်မစီလောက် လှီးထားသော တရုတ်နံနံ - ၂ပင်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • ဂျုံမှုန့် - ထမင်းစားဇွန်း တဇွန်း
  • ခရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း ၂ဇွန်း
  • ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း (ချိုချဉ်ကြော်ရန် )
  • ဆီ - လက်ဖက်ရည် ပန်းကန်လုံးတလုံး( ပုဇွန်ကြော်ရန် )

ပြင်ဆင်ပုံ
  • လိုအပ်သော အသီးအရွက်များ အသားများကို အဆင်သင့်ဖြစ်အောင် ပြင်ထားပေးပါ
  • ပုဇွန်များပို ဇလုံတလုံးထဲမှာထည့်ပြီး ဂျုံမှုန့်နှင့် လူးပေးထားပါ
  • ခရမ်းချဉ်သီးဆော့နှင့်ဆား ပဲငံပြာရည်အကြည် သကြားတို့ကိုရေ ထမင်းစားဇွန်း ၄ဇွန်းလောက်နှင့် ရောမွှေထားပါ
  • ဒယ်အိုးတလုံးထဲမှာ ဆီလက်ဖက်ရည်ပန်းကန် တလုံးစာကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ဂျုံမှုန့်လူးထားသော ပုဇွန်များကို တကောင်ခြင်း ထည့်ကြော်ပေးပါ
  • ပုဇွန်တကောင်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ထားပါ
  • နောက်ထပ်ဒယ်အိုးတလုံးထဲမှာ ဆီကို အပူပေးပြီး ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို မိနစ်ဝက်လောက်ကြော်ပေးပါ
  • မိနစ်ဝက်ပြည့်တာနဲ့ ဂေါ်ဖီ ဘရိုကိုလီ မုံလာဥနီ နှင့်ပဲသီးတို့ကို ထည့်ပြီး တမိနစ်လောက် ကြော်ပေးပါ
  • တမိနစ်လောက် ကြော်ပြီးတာနဲ့ ကြော်ထားသော ပုဇွန်များ အရသာစပ်ထားသော  ခရမ်းချဉ်သီးဆော့တို့ထည့်ပြီး ကြော်ပေးပါ
  • ကြော်ချိန် တမိနစ်လောက် ရပြီဆိုတာနဲ့တရုတ်နံနံထည့်မွှေပေးပြီး ချိုချိုချဉ်ချဉ် ပုဇွန်ချိုချဉ် အစိမ်းကြော်လေးကို သုံးဆောင်နိုင်ပါပြီ

No comments:

Post a Comment