Thursday, 2 June 2016

ငရုတ်သီးစိမ်းထောင်း သ​င်္ဘောသီးသုပ်




သင်္ဘောသီးသုပ်က မာမာ့အကြိုက် အသုပ်စားဖွယ်ရာ တမျိုးပါ သင်္ဘောသီးစိမ်းတွေ့တာနဲ့ ဘယ်လိုသုပ်စားရမလဲ စဉ်းစားမိတာက အရင်ဆုံးပါဘဲ ဒီတခါတော့ ငရုတ်သီးစိမ်းကို လှော်ပြီးထောင်းမယ် ပုဇွန်ခြောက်ကို ထောင်းပြီးသုပ်မယ်ဆိုပြီး စဉ်းစားပြီးသကာလ မာမာသုပ်စားတဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သင်္ဘောသီးစိမ်း - အနေတော် တလုံး
  • ပုဇွန်ခြောက် - အကောင်ကြီးကြီး ၁၅ကောင်ခန့်
  • ငရုတ်သီးစိမ်း - ၁၀တောင့်ခန့် အစပ်ကြိုက်လျှင် ပိုထည့်ပါ
  • ပဲအကျက်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်းခွဲ
  • ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း ၃ဇွန်း (ကြက်သွန်ဖြူ ၁၀မွှာလောက်ကိုဆီလက်ဖက်ရည်အကြမ်းပန် တလုံးခွဲလောက်ဖြင့် ဆီချက်ချက်ထားပါ)
  • မန်ကျည်းသီးမှည့် အနှစ် - ထမင်းစားဇွန်း တဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  • သင်္ဘောသီးကို အခွံခွာပြီး မျှင်မျှင်သးသေးလေးတွေရအောင် သင်္ဘောခြစ် အသေးဆုံး အပေါက်ဖြင့် ခြစ်ထားပါ
  • ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ဆေးပြီး ရေနာရီဝက်လောက်စိမ်ကာ ရေစစ်ထားပါ
  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပုဇွန်ခြောက်ကို ညက်နေအောင် ထည့်ထောင်းပြီး ဖယ်ထားပါ
  • ငရုတ်သီးစိမ်းကိုလည်း ညက်နေအောင်ထာင်းပါ
  • ပြီးတာနဲ့ ရေစစ်ထားသော သဘောင်္သီး ငံပြာရည် ပုဇွန်ခြောက်ထာင်း ပဲအကျက်မှုန့် ငရုတ်သီးစိမ်းထောင်း အချိုမှုန့် ကြက်သွန်ဖြူဆီချက်တို့နှင့် မန်ကျည်းသီးမှည့် အနှစ်တို့ထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
  • အားလုံး သမသွားတာနဲ့ စပ်စပ်မွှေးမွှေး သင်္ဘောသီးသုပ်လေး ရပါပြီ။

No comments:

Post a Comment