Saturday, 25 June 2016

ပုဇွန်ကြော် ကြွတ်ကြွတ်လေး



နေ့လည်ခင်း အစာပြေစားရအောင် ပုဇွန်ကြော် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေဆေးကာ အမြှီးနှင့်ခေါင်းဖြုတ်ထားသော ပုဇွန်ခေါင်းချိုး - 300g
  • တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  • ရေ  - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူး
  • နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့်- လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - လက်ဖက်ရည်ပန်းကန် ၂လုံး
ပြင်ဆင်ပုံ
  • ပုဇွန်ကို အရသာမှုန့် ဆား နနွင်းမှုန့်တို့နဲ့နယ်ထားပေးပါ
  • တန်ပူရာမှုန့်ကို ရေနဲ့ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • တန်ပူရာမှုန့်ဖျော်ထားသော အရည်ထဲပုဇွန်ကို ရောမွှေပေးပါ
  • ဆီကို ပူအောင်အရင်ဆုံး တည်လိုက်ပါ
  • ဆီပူလာပါက မီးအနည်းငယ်လျော့ပြီးမှ ပုဇွန်တန်ပူရာကို ဇွန်းမှုတ်နှင့်ခတ်ပါ
  • ဇွန်းမှုတ်နှင့်ခတ်ပြီး ပန်းကန်ပြားထဲထည့်ပြီး ဖြန့်ပေးပြီးမှ ဆီအိုးထဲကို ဖြေးဖြေးခြင်း တွန်းချပေးပါ
  • သိပ်အကြာကြီး ကြော်စရာမလိုဘဲ ရွှေဝါရောင်းသန်းလာနဲ့ ချက်ခြင်းဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်ပြီးတာနဲ့ နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment