သတ်သတ်လွတ်စားသူတွေအတွက် စားလို့ကောင်းတဲ့အကြော်လေးပါ မာမာ့သမီးလေးက အသားတွေ သိပ်စားလေ့စားထမရှိပါဘူး ကျန်းမာရေးကြောင့် အသားကိုချက်ကျွေးရင်လဲ သားကြီးငါးကြီးဆို မစားတော့ သူ့အတွက် သတ်သတ်လွတ်ဟင်းလေးတွေ ကြံဖန်ပြီး ကြော်လှော်ပေးရတာပေါ့နော် အမေ့မေတ္တာ သံစဉ်ချိုချို ဟင်းလေးတွေပေါ့။
ဒီနေ့ကြော်မဲ့အကြော်လေးက အကြော်မှုန့် တန်ပူရာမှုန့်လုံးဝသုံးမထားဘဲ ပဲအစိမ်းမှုန့်တမျိုးထဲနဲ့ ကြော်ထားတာပါ မွမွမွှေးမွှေးနဲ့ အရသာတမျိုးလေးပေါ့။
ကြော်ဖို့လိုအပ်တာလေးတွေပြင်ပါမယ်
- အနေတော်လှီးထားသော ဂေါ်ဖီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
- အနေတော်လှီးထားသော အာလူး - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
- အနေတော်လှီးထားသော ဂေါ်ရခါးသီး - ဟင်းပြင်ပန်းကန် တစ်လုံးစာ
- မထူမပါးလှီးထားသော ကြက်သွန်နီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း မောက်မောက် လေးဇွန်း
- ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၃လုံး
ကြော်ဖို့ပြင်ပါမယ်
- အသီးအရွက်များကို အခွံခွာပြီးလှီးကာ ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
- လိုအပ်တာတွေအားလုံးကို ဇလုံကျယ်ကျယ်တလုံးထဲထည့်ကာ အားလုံးသမအောင်နယ်ပေးပါ
- ဆီကိုအပူပေးပြီး ဆီပူလာပါကမီးကို အနေတော်သို့လျှော့လိုက်ပါ
- ဆီပူခံမဲ့ပန်းကန်ပြားတချပ်ထဲမှာ အရသာစပ်ထားသော အသီးအရွက်များကို အနေတော်ယူပြီး ဖျန့်ပေးပါ
- ဖျန့်ပြီးတာနဲ့ ဆီအိုးထဲအသာလေးတွန်းချပြီးထဲ့ပေးပါ
- တဖက်ကျက်ပါက တဖက်ကိုလှန်ပေးပြီး နှစ်ဖက်လုံးကျက်ပါက ဆယ်ပြီးဆီစစ်ပေးပါ
- ဆီစစ်သွားပါက သတ်သတ်လွတ် အကြော်လေးတစ်မယ်ရပါပြီ။
လိုအပ်သော အသီးအရွက်များ
|
အားလုံးကိုရေစင်အောင်ဆေးပြီး ရေစစ်အောင်ပြင်ဆင်ထားပါ
|
လိုအပ်သောပစ္စည်းများ ဇလုံကျယ်ကျယ်မှာထဲ့ပြီး သမအောင်နယ်ပေးပါ
|
အားလုံးနယ်ပြီးပါက ကြော်ရန်အဆင်သင့်ဖြစ်ပါပြီ
|
ရောပြီးကြော်ထားတာလေးစားချင်စရာပဲ တမျိုးတိုးပြီပေါ့
ReplyDeleteသမီးကတော့ ကြိုက်မှကြိုက်ဘဲ စံပယ်ချိုရေ
Deleteတခါလောက် ကြော်စားကြည့်နော်
yummy yummy
ReplyDeleteတီတီမာသမီးနဲ့ အသူနဲ့တူတယ်.. သားကြီးငါးကြီးလဲမစား။အသီးအရွက်ပဲရှာကြံစားတာ..ခုလိုအိုင်ဒီယာလေးတွေအတွက်ကျေးဇူး
သားကြီးငါးကြီးတွေကျွေးမရတဲ့ သမီးအတွက် တီတီမာ့ရဲ့ စိတ်ကူးလေးတွေလေ အသူရေ
Deleteအသီးအရွက်ကို နှစ်နှစ်သက်သက်လေးစားတာပြင်ရတော့လဲ ပျော်ရတာပေါ့နော့် အသူတို့သမီးတို့က သူတော်ကောင်းလေးတွေနေမယ်နော်။
အကြော်လေးအမြင်နဲ့တင် စားချင်နေပြီ မာမာရေ။
ReplyDeleteမာမာ့အစားအသောက်ရပ်ဝန်းရဲ့ ၂ရက်စာကို လိုက်အားပေးအုံးမယ် ... :)