သခွားသီးထောင်းသုပ် ချဉ်ငံစပ်လေး ထောင်းထားပါတယ် သခွားသီးထောင်းသုပ်လို့ပြောရင် ငါးငပိရည်ကျိုလေးပါမှ ပြည့်စုံပါတယ်။
ငါးငပိရည်ကျို မပါရင် သခွားသီး အရသာက ပေါ့လျှံလျှံနဲ့မို့ စားလို့မကောင်းပါဘူး အိမ်မှာက မာမာတယောက်ထဲ စားတာမို့ သခွားသီးတခြမ်းကို ခြစ်ပြီး ထောင်းသုပ်လေး သုပ်ထားပါတယ် ထမင်းနဲ့စားတာထက် ဒီအတိုင်းစားရတာကို ပိုပြီးနှစ်သက်မိပါတယ် ။
ပါဝင်ပစ္စည်းများ
- သခွားသီးခြစ်ပြီးသား ဟင်းပြင်ပန်းကန် - တစ်လုံးစာ
- ပါးပါးလှီးထားသော ကြက်သွန်နီအနေတော် - တစ်ခြမ်း
- လှော်ပြီး အခွံခွာကာထောင်းထားသော ပုဇွန်ထုတ်ကြီးကြီး - ၂ထုတ်
- ကျိုထားသော ငါးငပိရည် ထမင်းစားဇွန်း - ၂ဇွန်း
- ကြက်သွန်နီ( သို့)ကြက်သွန်ဖြူဆီချက် ထမင်းစားဇွန်း - တစ်ဇွန်း
- အရသာမှုန့် လက်ဖက်ရည်ဇွန်း - တစ်ဝက်သာသာ
- လှော်ပြီးထောင်းထားသော ငရုတ်သီးစိမ်း - စားနိုင်သလောက်
- သံပုရာသီး - တစ်စိတ်
- ပင်စိမ်းရွက် - စားနိုင်သလောက်
သခွားသီးသုပ်ဖို့ လိုအပ်တာတွေကို ပြင်ပါမယ်
အားလုံးအဆင်သင့်ဖြစ်ပါက အားလုံးအရသာ
သမအောင် ငရုတ်ဆုံထဲမှာ ထည့်ကာ ၅ချက်
လောက် ထောင်းပေးပြီး ဇွန်းနှင့်မွှေပေးပါ
အရသာ အပေါ့အငံကို လိုအပ်သလို
ပြင်ပေးပြီး သုံးဆောင်နိုင်ပါပြီ။
အမလေးနော်... ကြည့်ရင်းဖတ်ရင်းနဲ့ သွားရည်တတောက်တောက်ကျတယ်။ တော်တော်ကိုစားကောင်းမဲ့ပုံပဲ။ ပါးစပ်ပျက်နေချိန်များစားလိုက်ရလို့ကတော့လား တခါထဲ ခံတွင်းထဲကိုရှင်းသွားမှာပဲ။ ရေနွေးကြမ်းလေးအဖူးဖူးမှုတ်သောက်ပြီးဒီအတိုင်း စားရင်လဲ ကောင်းမှာပဲ။
ReplyDeleteသောကြာနေ့တိုင်း တီတင့်အမျိုးသားက သက်သတ်လွတ်စားတယ် ..
ReplyDeleteအတော်ပဲ ညကျရင် သခွားသီးသုပ်လုပ်ကျွေးအုံးမယ်။