အအေးခံထားသော အသီးအရွက်ကြော်
Wonton ရွက်ပေါ် အစာတင်ပြီးထုတ်ပေးပါ
ဖက်ထုတ် အထုတ်လေးများ
ဆီမှာကြော်ပြီး ရွှေဝါရောင်သန်းလာရင်
ဆယ်ပြီးဆီစစ်ပေးပါ ဆီစစ်သွားပါက စားနိုင်ပါပြီ
ပူပူနွေးနွေး ကြွတ်ကြွတ်ရွရွလေး စားချင်သူတွေအတွက် ဖက်ထုတ်လုပ်နည်းလေး မာမာမျှဝေပေးပါမယ်
အားလပ်တဲ့အချိန်လေးမှာ ကြော်စားကြည့်နိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
- အနေတော် လှီးထားသော တရုတ်မုန့်ညှင်း - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
- လက်တစ်ဆစ်ခန့်အနေ လှီးထားသောကြက်သွန်မိတ် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
- တစ်လက်မလောက် အရှည်မြှောင်းလေးတွေ လှီးထားသော မုံလာဥနီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
- ခပ်ထူထူ လှီးထားသောမှို - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
- ခပ်ကြမ်းကြမ်း လှီးထားသော ဂေါ်ဖီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
- ခပ်ထူထူ လှီးထားသော တရုတ်နံနံ - လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးမောက်မောက်
- ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်နီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
- ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - ၄မွှာ
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- နှမ်းဆီ - လက်ဖက်ရည်ဇွန် တစ်ဝက်
- ဆီ - ထမင်းစားဇွန်း လေးဇွန်း
ပြင်ဆင်ပုံ
- ဆီ ထမင်းစားဇွန်း လေးဇွန်းကိုအပူပေးပါ
- ဆီပူလာတာနဲ့ကြက်သွန်ဖြူကို ညိုသွားတဲ့ထိကြော်လိုက်ပါ
- ပြီးတာနဲ့ ကြက်သွန်နီကို မိနစ်ဝက်လောက်ထဲ့ကြော်ပါ
- မှိုကိုထဲ့ပြီး မိနစ်ဝက်လောက်ကြော်ပေးပါ
- မုံလာဥနီ တရုတ်မုန့်ညှင်းဂေါ်ဖီ ဆား အရသာမှုန့် ပဲငံပြာရည် ငရုတ်ကောင်းမှုန့်တို့ကိုထဲ့ပြီး မိနစ်ဝက်လောက်ကြော်ပေးပါ
- နောက်ဆုံမှနှမ်းဆီ တရုတ်နံနံ ကြက်သွန်မိတ်တို့ကိုထဲ့ပြီး မိနစ်ဝက်လောက်ကြော်ပြီး မီးပိတ်ပေးပါ
- အသီးအရွက်ကြော်စဉ် ထွက်လာသောအရည်များကို အိုးကိုစောင်းပြီးစစ်ကာ အအေးခံပေးပါ
- Wonton ရွက်ကို ခင်းပြီး အသီးအရွက်ကြော်ကို လက်ဖက်ရည်ဇွန်းတဇွန်းမောက်မောက်ထဲ့ပုံပေးပါ
- ထောင့်ချွန်းခေါက်ပြီး အနားနှစ်ဖက်ကို ရေစွတ်ပြီးကပ်ကာ ဘေးအနားသားများကိ တွန့်ပြီးခေါက်ပေးပါ
- အားလုံးပြီးတာနဲ့နာရီဝက်လောက် လေသလပ်ခံပြီး ထားပေးပါ
- ဆီ လက်ဖက်ရည်ပန်းကန်လုံး ၂လုံးလောက်ကို အပူပေးပါ
- ဆီပူတာနဲ့မီးကိုအနေတော်လျော့ပြီးမှ ဖက်ထုတ်လေးများကို ကြော်ပေးပါ
- တဖက်ကျက်ပါက တဖက်ကိုလှန်ပေးပြီးနှစ်ဖက်လုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီးဆီစစ်ပေးပါ
- ဆီစစ်ပြီးပါက နှစ်သက်ရာ အချဉ်တို့နဲ့တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။
တီတင့်အသက်ငယ်စဉ်က ဖက်ထုပ်ကြော်ကို သိတ်ကြိုက်ခဲ့ပြီး
ReplyDeleteအသက်အရွယ်ရလာတော့ ဖက်ထုပ်ပြုပ်တာကို ပိုနှစ်သက်လာတယ်။
မကြာခဏ ညီမလေး အဒေါ်တွေနဲ့ City mart season မှာသွားစားဖြစ်တယ် မာမာရေ။
ဖက်ထုပ်ပြင်ဆင်နည်းအတွက် ကျေးဇူးပါ။