Saturday 15 November 2014

ငါးဆုတ် အစာသွပ်


ဘာဆာငါး

ဘလန်ဒါနဲ့ကြိတ်ပြီး လက်ကိုရေစွတ်ပြီး လုံးပေးပါ

ဇောက်နက်သော အိုးထဲဆီထဲ့ပြီးကြော်ပေးပါ

ရွှေဝါရောင်သန်းလာပါက ဆယ်ပြီဆီစစ်ပေးပါ

ဒီနေ့တော့ မာမာတို့တွေ ငါးဖယ်အစာသွပ်လေး လုပ်စားဖြစ်ပါတယ် နေ့လည်နေ့ခင်း အစာပြေလေးပေါ့နော် ငါးဖယ်လို့ပြောပေမဲ့ ငါးဖယ်အစစ်တော့ မဟုတ်ပါဘူး။

မာမာတို့နေတဲ့နိုင်ငံမှာ ငါးဖယ်အစစ်က လိုချင်တိုင်း မရပါဘူးရှင် ဒါပေမဲ့ ငါးဖယ်အစစ် နီးနီးရအောင် ဘလန်ဒါနဲ့ တစ်မိနစ်ကြိတ်လိုက် တစ်ခါနားလိုက်နဲ့ ၅မိနစ် ၅ခါကြိတ်လိုက်ရင် ငါးဖယ်အစစ်နီးပါး ရပါတယ်။

ဘလန်ဒါ အဆင်သင့် မရှိရင်လဲ ငါးကိုနုတ်နုတ်စင်းပြီး ငရုတ်ဆုံထဲမှာ စေးပိုင်လာတဲ့အထိ ထောင်းပေးပါ ဒါမှမဟုတ် စတီးဇလုံ ကျယ်ကျယ်ထဲမှာ အချက် ၅၀၀ လောက်ပေါက်ပေးပါ ငါးအသားလေးလဲ စေးထန်းလာသလို သင့်ရဲ့လက်မောင်းလေးလဲ လှလာပါလိမ့်မယ် :-D

ပါဝင်ပစ္စည်းများ

  1. ဘာဆာငါး - 300 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ချင်း - ခပ်ပါးပါး သုံးပြား
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  7. ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲမောက်မောက်
  8. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ဘာဆာငါးကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးထားပါ
  • ဘာဆာငါးကို ဆား နနွင်းမှုန့် အရသာမှုန့် ချင်း ကြက်သွန်ဖြူ နှင့် ပြောင်းဖူးမှုန့်တို့နဲ့ရောပြီး ကြိတ်ပေးပါ
  • တစ်မိနစ်ကြိတ်လိုက် တစ်ခါနားလိုက် ငါးခါလောက် ကြိတ်ပေးလိုက်ရင် ရပါပြီ
  • အစာသွပ်ဖို့ အဆင်ပြေစေရန် လက်က်ုရေစွတ်ပြီး ထမင်းစားဇွန်း တစ်ဇွန်းခွဲ သာသာစာယူပြီး ခပ်ရှည်ရှည်လေးတွေ ဆုတ်လုံးပေးပါ
  • ငါးကြိတ်သားများကို ဆုတ်လုံးနေစဉ် လက်မှာမကပ်စေရန် လက်ကို ရေစွတ်စွတ်ပြီမှး ဆုတ်လုံးပေးပါ
  • အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ  
  • ဆီပူလာတာနဲ့မီးကိုအနည်းငယ် လျှော့ပြီးမှ ငါးဆုတ်များကို တစ်လုံးချင် အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ငါးဆုတ်အားလုံး အကျက်ညီစေရန် မကြာမကြာ အထက်အောက် လှန်လှန်ပေးပြီး မွှေပေးပါ
  • ကြော်နေစဉ် ငါးဆုတ်က ပွဖောင်းဖောင်းလေး ဖြစ်လာတတ်တဲ့အတွက် တစ်ခါထဲ အများကြီး ထဲ့မကြော်မိဖို့ သတိထားပါ
  • ငါးဆုတ်တစ်ခုလုံး ရွှေဝါရောင် သန်းလာပြီ ဆိုတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ငါးဆုတ်ကြော် အေးသွားပါ အလယ်တဲ့တဲ့မှ အပေါက်ကလေးရအောင် ကပ်ကြေးနဲ့ညှပ်ပေးပါ
  • ထိုအပေါက်လေးထဲသို့ ပြင်ထားသော အစာများကို လိုသလောက်ထဲ့ပြီး စားသုံးနိုင်ပါပြီ။
အစာသွပ်ရန် ပါဝင်ပစ္စည်းများ
  1. ဂေါ်ဖီ - တစ်စိတ် 
  2. မုံလာဥနီ - အနေတော်တစ်ဥ 
  3. ကြက်သွန်ဖြူ  ဆီချက်ဖတ် - လိုသလောက် သုံးပေးပါ
  4. ကြက်သွန်နီဆီချက် - လိုသလောက် သုံးပေးပါ
  5. မကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းစာ
  6. မြေပဲလှော် - ထမင်းစားဇွန်း ငါးဇွန်းခန့်
  7. ငါးငံပြာရည် - လိုသလောက် ပြင်ထားပါ
  8. ဟင်းချိုမှုန့် - လိုသလောက် ပြင်ထားပါ
  9. ငရုတ်သီးစိမ်း - လိုသလောက် ပြင်ထားပါ
ပြင်ဆင်ပုံ
  1. ဂေါ်ဖီကို ခပ်ပါးပါး လှီးပေးပြီး ရေဆေးကာ ရေစစ်ထားပါ
  2. မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ
  3. မန်ကျည်းသီးမှည့်ကို ရေနွေးပူပူဖြင့် နှစ်ထပ်လောက် ဆေးပေးပြီး ရေနွေးဖြင့် စိမ်ပေးထားပါ
  4. မြေပဲလှော်ကို အခွံခြွတ်ပြီး မညက်တစ်ညက် ထောင်းပေးထားပါ
  5. ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  6. ကျန်နေသော ပါဝင်ပစ္စည်းများကို ပြင်ထားပေးပါ
အစာသွပ်ရန်
  • ငဆုပ်လုံး - တစ်ခု (အလယ်မှ အစာသွပ်ရန် အပေါက်လေးရအောင် ကပ်ကျေးနှင့် ညှပ်ပေးပါ)
  • မြေပဲထောင်း - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး
  • ဂေါ်ဖီ - အနည်းငယ်
  • မုံလာဥနီ - အနည်းငယ်
  • ငရုတ်သီးစိမ်း -  စားနိုင်သလောက်
  • မကျည်းမှည့်ရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ကြက်သွန်ဖြူ ဆီချက်ဖတ် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်နီဆီချက် - လက်ဖက်ရည်ဇွန်းတစ်ဝက်တို့ ထည့်ပေးပြီးပါက အရမ်းစားလို့ ကောင်းလွန်းတဲ့ ငါးဆုတ်အစာသွပ်လေးတွေ ရပါပြီ။

1 comment:

  1. ငါးဖယ်အစာသွပ် တစ်ခါမှ လုပ်မစားဖူးသေးဘူး မာမာရေ...
    ဒီတစ်ခေါက်စမ်းလုပ်ကြည့်မယ်။ နည်းလေးအတွက်ကျေးဇူးပါနော်...

    ReplyDelete