Thursday 6 November 2014

ကြက်ဥ အာလူးကတ်တလိတ်ကြော်


ဒီနေ့တော့ ကြက်ဥ အာလူးကတ်တလိတ် လုပ်နည်းလေးကိုပြောပါမယ် စားရတာပိုပြီး အရသာရှိသလို ကြော်ရတာလဲ ပိုပြီးကောင်းပါတယ် ကြက်ဥကို တစ်ခါထဲ ရောနယ်လိုက်တဲ့အတွက် ကြော်တဲ့အခါမှာ အာလူးတွေ ဖွာထွက်သွားတာမျိုး မဖြစ်တော့ပါဘူး သူ့ဘာသာသူ စေးပိုင်ပိုင်လေးဖြစ်နေပါတယ် ကြော်ပြီးရင်လဲ အပြင်ခွံက ပိုပြီးမွှေးပါတယ်။

ပါဝင်ပစ္စည်းများ
  1. အားလူး - 700 g 
  2. တန်ပူရာအကြော်မှုန့် - 100 g
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. ဆီ - လိုသလောက်
  7. ကြက်ဥ - တစ်လုံး
  8. ဆီ - အနည်းငယ် (လက်ကိုသုတ်ရန်)

ပြင်ဆင်ပုံ
  • မြေနီအာလူး အာလူးအစေးသီးကို ရေစင်အောင်ဆေးပြီး အခွံမခွာဘဲ နူးနေအောင် ပြုပ်ပေးပါ
  • မိုက်ခဝေ့ မီးဖိုနှင့်ပြုပ်ပါက ရေ အနည်းငယ်ထည့်ပြီး ၁၂မိနစ်နစ်ခန့် ပြုပ်ပေးပါ
  • အာလူးနူးပါက အအေးခံပြီး အခွံခွာပေးပါ
  • အခွံခွာပြီးသား အာလူးကို စတီးဇလုံ တစ်လုံးထဲထည့်ပြီး ဆား အရသာမှုန့် တန်ပူရာမှုန့် နနွင်းမှုန့်တို့ထည့်ပြီး အာလူးကျေအောင်ချေကာ နယ်ပေးပါ
  • အာလူးကျေသွားပါက ငရုတ်ကျီပွေ့နှင့် ငရုတ်ဆုံ မရှိက ဇလုံထဲမှာဘဲ စေးပိုင်လာတဲ့ထိ ထောင်းပေးပါ
  • အာလူးများ စေးပိုင်လာပါက ကြက်ဥအကာကို ထည့်ပေးကာသမသွားအောင် ထည့်နယ်ပေးပါ
  • ပြီးတာနဲ့ ထမင်းစားဇွန်း တစ်ဇွန်းစာယူပြီး လက်နှင့်ဆုတ်လုံးပေးပါ
  • အားလုံးဆုတ်လုံးပေးပြီးပါက လက်ဝါးနှစ်ဖက်ကို ဆီသုတ်ပေးကာ အာလူးလုံး တစ်လုံးချင်းယူကာ လက်ဝါးနှစ်ဖက်ကြားထည့်ပြီး ခပ်ရှည်ရှည်လေးတွေ ရသွားအောင် သွားအောင် လုံးပေးပါ
  • အာလူးလုံးလေးများ အဆင်သင့်ဖြစ်ပါက ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက အာလူးလုံးလေးများ မထည့်ခင် မီးကို အလယ်လောက်ထိ လျော့ပေးပါ
  • မီးလျော့ပြီးမှ အာလူးလုံးများကို တစ်လုံးခြင်းထည့်ပြီ ကြော်ပေးပါ
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက နောက်တစ်ဖက်ကို လှန်ပေးပါ
  • အာလူးကတ်တလိတ်ကြော် တစ်လုံးလုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက နံနံပင်နံ့မွှေးမွှေးလေးနဲ့ သတ်သတ်လွတ်အာလူး ကတ်တလိတ်လေးကို စားသုံးနိုင်ပါပြီ။

2 comments:

  1. အားလူးကတ်တလိတ်ကြော် ကြိုက်တယ်။ ခဏခဏလဲကြော်စားဖြစ်တယ်။ နောက်တခါ ဒီနည်းလေးနဲ့လုပ်စားကြည့်အုံးမယ်။

    ReplyDelete
  2. တီတင့်လဲ အာလူးဆိုလို့ကတော့ ဘယ်လိုလာလာ ကြိုက်မှကြိုက်...
    အိမ်မှာလဲ မကြာခဏ အာလူးကက်တလိပ် လုပ်စားဖြစ်တယ်...
    အခုတစ်ခေါက်လုပ်ရင် ကြက်ဥထည့်လုပ်ကြည့်မယ် မာမာရေ။

    ReplyDelete