ဒီနေ့ကြော်ဖြစ်တဲ့ ပုဇွန်အချိုကြော်လေးပါ ရေငံပုဇွန်တို့ရဲ့ထုံးစံအတိုင်း ပုဇွန်အနံ့က ရေချိုပုဇွန်တို့ထက် အနံ့နဲနဲပိုရပါတယ် အဲဒီအနံ့ကို ပျောက်အောင်လို့ ငံပြာရည်နဲ့ကြက်သွန်ဖြူ ကူမှရပါတယ် မကြော်ခင် ပုဇွန်ကို အခွံခွာ ကြောမှခွဲပြီး အမဲကြောင်းထုတ် သန့်ရှင်းအောင် အရင်ဆုံးလုပ်ပေးရပါတယ်။
ပြီးမှ ကင်းမွန်ငံပြာရည်ကို အဓိထားပြီးထဲ့ကာ အရသာတွေနဲ့နယ်ပြီး ဆယ်မိနစ်လောက် နှပ်ထားပြီးမှကြော်ပေးတာ အကောင်းဆုံးပါ အဲဒါမှရေငံပုဇွန်ရဲ့ အနံ့ပျောက်နိုင်ပါတယ်။
ပါဝင်ရမှာလေးတွေ ပြောပါမယ်
- ပုဇွန်ထုတ် - 300g
- ကင်းမွန်ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
- ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
- ဆီ - လက်ဖက်ရည်အကြမ်းပန်းကန်လုံး တစ်ဝက်သာသာ
ကြော်ဖို့ပြင်ပါမယ်
- ပုဇွန်ကို မလိုသော အရာများဖယ်ပြီး သန့်စင်ထားပေးပါ
- သန့်စင်ထားသောပုဇွန်ကို နနွင်း အရသာမှုန့် ငံပြာရည်တို့နဲ့နယ်ပြီး အရသာဝင်အောင်နှပ်ထားပေးပါ
- လိုအပ်တာတွေပြင်ပြီးပါက ဆီကိုအပူပေးပါ
- ဆီပူလာပါက ကြက်သွန်ဖြူကို အနည်းငယ်ညိုလာတဲ့အထိ ကြော်ပေးပါ
- ကြက်သွန်ဖြူ ညိုလာတာနဲ့ ကြက်သွန်နီကိုပျော့သွားတဲ့ထိကြော်ပေးပါ
- ကြက်သွန်ဖြူပျော့သွားတာနဲ့ပုဇွန်အရသာနယ်ကို ၄မိနစ်လောက်ထည့်ကြော်ပေးပါ
- ပုဇွန်ကျက်ပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးနိုင်ပါပြီ။
ပုဇွန်အချိုကြော် ကြိုက်ပေမယ့် ဈေးကြီးလို့ ခဏခဏမစားဖြစ်ဘူး မာမာရေ။
ReplyDeleteတီတင့်ရဲ့ပုဇွန်ထုပ်ချက်နည်းလဲ မာမာနဲ့တူတယ် ...
ဟုတ်ကဲ့ပါ တီတင့်ရေ
ReplyDeleteဒီမှာလဲ ပုဇွန်ကဈေးကြီးတယ် :-D
ဈေးချတဲ့ အချိန်ကျမှ စားနိုင်တယ်လေ :-D. :-D