Thursday 6 November 2014

သခွားသီးထောင်း


သခွားသီးထောင်းသုပ် ချဉ်ငံစပ်လေး ထောင်းထားပါတယ် သခွားသီးထောင်းသုပ်လို့ပြောရင် ငါးငပိရည်ကျိုလေးပါမှ ပြည့်စုံပါတယ်။

ငါးငပိရည်ကျို မပါရင် သခွားသီး အရသာက ပေါ့လျှံလျှံနဲ့မို့ စားလို့မကောင်းပါဘူး အိမ်မှာက မာမာတယောက်ထဲ စားတာမို့ သခွားသီးတခြမ်းကို ခြစ်ပြီး ထောင်းသုပ်လေး သုပ်ထားပါတယ် ထမင်းနဲ့စားတာထက် ဒီအတိုင်းစားရတာကို ပိုပြီးနှစ်သက်မိပါတယ် ။

ပါဝင်ပစ္စည်းများ

  1. သခွားသီးခြစ်ပြီးသား ဟင်းပြင်ပန်းကန် - တစ်လုံးစာ
  2. ပါးပါးလှီးထားသော ကြက်သွန်နီအနေတော် - တစ်ခြမ်း
  3. လှော်ပြီး အခွံခွာကာထောင်းထားသော ပုဇွန်ထုတ်ကြီးကြီး - ၂ထုတ်
  4. ကျိုထားသော ငါးငပိရည် ထမင်းစားဇွန်း - ၂ဇွန်း
  5. ကြက်သွန်နီ( သို့)ကြက်သွန်ဖြူဆီချက် ထမင်းစားဇွန်း - တစ်ဇွန်း
  6. အရသာမှုန့် လက်ဖက်ရည်ဇွန်း - တစ်ဝက်သာသာ
  7. လှော်ပြီးထောင်းထားသော ငရုတ်သီးစိမ်း - စားနိုင်သလောက်
  8. သံပုရာသီး - တစ်စိတ်
  9. ပင်စိမ်းရွက် - စားနိုင်သလောက်



သခွားသီးသုပ်ဖို့ လိုအပ်တာတွေကို ပြင်ပါမယ်

အားလုံးအဆင်သင့်ဖြစ်ပါက အားလုံးအရသာ
သမအောင် ငရုတ်ဆုံထဲမှာ ထည့်ကာ ၅ချက်
လောက် ထောင်းပေးပြီး ဇွန်းနှင့်မွှေပေးပါ
အရသာ အပေါ့အငံကို လိုအပ်သလို
 ပြင်ပေးပြီး သုံးဆောင်နိုင်ပါပြီ။

2 comments:

  1. အမလေးနော်... ကြည့်ရင်းဖတ်ရင်းနဲ့ သွားရည်တတောက်တောက်ကျတယ်။ တော်တော်ကိုစားကောင်းမဲ့ပုံပဲ။ ပါးစပ်ပျက်နေချိန်များစားလိုက်ရလို့ကတော့လား တခါထဲ ခံတွင်းထဲကိုရှင်းသွားမှာပဲ။ ရေနွေးကြမ်းလေးအဖူးဖူးမှုတ်သောက်ပြီးဒီအတိုင်း စားရင်လဲ ကောင်းမှာပဲ။

    ReplyDelete
  2. သောကြာနေ့တိုင်း တီတင့်အမျိုးသားက သက်သတ်လွတ်စားတယ် ..
    အတော်ပဲ ညကျရင် သခွားသီးသုပ်လုပ်ကျွေးအုံးမယ်။

    ReplyDelete