Wednesday 12 November 2014

အာလူး အသီးအရွက်ကြော်



သတ်သတ်လွတ်စားသူတွေအတွက် စားလို့ကောင်းတဲ့အကြော်လေးပါ မာမာ့သမီးလေးက အသားတွေ သိပ်စားလေ့စားထမရှိပါဘူး ကျန်းမာရေးကြောင့် အသားကိုချက်ကျွေးရင်လဲ သားကြီးငါးကြီးဆို မစားတော့ သူ့အတွက် သတ်သတ်လွတ်ဟင်းလေးတွေ ကြံဖန်ပြီး ကြော်လှော်ပေးရတာပေါ့နော် အမေ့မေတ္တာ သံစဉ်ချိုချို ဟင်းလေးတွေပေါ့။

ဒီနေ့ကြော်မဲ့အကြော်လေးက အကြော်မှုန့် တန်ပူရာမှုန့်လုံးဝသုံးမထားဘဲ ပဲအစိမ်းမှုန့်တမျိုးထဲနဲ့ ကြော်ထားတာပါ မွမွမွှေးမွှေးနဲ့ အရသာတမျိုးလေးပေါ့။

ကြော်ဖို့လိုအပ်တာလေးတွေပြင်ပါမယ်

  • အနေတော်လှီးထားသော ဂေါ်ဖီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  • အနေတော်လှီးထားသော အာလူး - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  • အနေတော်လှီးထားသော ဂေါ်ရခါးသီး - ဟင်းပြင်ပန်းကန် တစ်လုံးစာ
  • မထူမပါးလှီးထားသော ကြက်သွန်နီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း မောက်မောက် လေးဇွန်း
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၃လုံး
ကြော်ဖို့ပြင်ပါမယ်
  • အသီးအရွက်များကို အခွံခွာပြီးလှီးကာ ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • လိုအပ်တာတွေအားလုံးကို ဇလုံကျယ်ကျယ်တလုံးထဲထည့်ကာ အားလုံးသမအောင်နယ်ပေးပါ
  • ဆီကိုအပူပေးပြီး ဆီပူလာပါကမီးကို အနေတော်သို့လျှော့လိုက်ပါ
  • ဆီပူခံမဲ့ပန်းကန်ပြားတချပ်ထဲမှာ အရသာစပ်ထားသော အသီးအရွက်များကို အနေတော်ယူပြီး ဖျန့်ပေးပါ
  • ဖျန့်ပြီးတာနဲ့ ဆီအိုးထဲအသာလေးတွန်းချပြီးထဲ့ပေးပါ
  • တဖက်ကျက်ပါက တဖက်ကိုလှန်ပေးပြီး နှစ်ဖက်လုံးကျက်ပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက သတ်သတ်လွတ် အကြော်လေးတစ်မယ်ရပါပြီ။

လိုအပ်သော အသီးအရွက်များ

အားလုံးကိုရေစင်အောင်ဆေးပြီး ရေစစ်အောင်ပြင်ဆင်ထားပါ

လိုအပ်သောပစ္စည်းများ ဇလုံကျယ်ကျယ်မှာထဲ့ပြီး သမအောင်နယ်ပေးပါ

အားလုံးနယ်ပြီးပါက ကြော်ရန်အဆင်သင့်ဖြစ်ပါပြီ

5 comments:

  1. ရောပြီးကြော်ထားတာလေးစားချင်စရာပဲ တမျိုးတိုးပြီပေါ့

    ReplyDelete
    Replies
    1. သမီးကတော့ ကြိုက်မှကြိုက်ဘဲ စံပယ်ချိုရေ
      တခါလောက် ကြော်စားကြည့်နော်

      Delete
  2. yummy yummy
    တီတီမာသမီးနဲ့ အသူနဲ့တူတယ်.. သားကြီးငါးကြီးလဲမစား။အသီးအရွက်ပဲရှာကြံစားတာ..ခုလိုအိုင်ဒီယာလေးတွေအတွက်ကျေးဇူး

    ReplyDelete
    Replies
    1. သားကြီးငါးကြီးတွေကျွေးမရတဲ့ သမီးအတွက် တီတီမာ့ရဲ့ စိတ်ကူးလေးတွေလေ အသူရေ
      အသီးအရွက်ကို နှစ်နှစ်သက်သက်လေးစားတာပြင်ရတော့လဲ ပျော်ရတာပေါ့နော့် အသူတို့သမီးတို့က သူတော်ကောင်းလေးတွေနေမယ်နော်။

      Delete
  3. အကြော်လေးအမြင်နဲ့တင် စားချင်နေပြီ မာမာရေ။
    မာမာ့အစားအသောက်ရပ်ဝန်းရဲ့ ၂ရက်စာကို လိုက်အားပေးအုံးမယ် ... :)

    ReplyDelete