တစ်ခါတစ်လေတော့ အချိုနဲ့မတည့်ပေမဲ့ ကိတ်မုန့်လေး စားချင်တာနဲ့ ဖုတ်ဖြစ်ပြန်ပါတယ် ဟင်းချက်ရတာလောက် စိတ်မ၀င်စားပေမဲ့ စိတ်ကူးရရင်တော့ ရသလိုလေး လုပ်စားဖြစ်တဲ့ အချိုသရည်စာလေးပါ။
ဟင်းချက်သလို ပစ္စည်းတွေ အစုံထည့်စရာ မလိုပေမဲ့ မုန့်သားစပ်ရတာ သတိထားရတဲ့ အဆင့်လေးတွေတော့ ဂရုစိုက်ရပါတယ် ဒါကြောင့်မို့လို့ မာမာနဲ့ မာမာ့သမီးလေး ပြင်ဆင်ပြီး လုပ်ထားတဲ့ ကိတ်မုန့်ဖုတ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဂျုံမှုန့် - 140 g
- ထောပတ် -100 g
- Baking powder - 2.5 g
- သကြား - 120 g
- နွားနို့ -150 ml
- ကြက်ဥ - နှစ်လုံး
- ဗနီလာ အနံ့ - လက်ဖက်ရည် တစ်ဇွန်း
ပြင်ဆင်ပုံ
- ဂျုံမှုန့်နှင့် baking powder ကို ရောမွှေ၍ ဇကာစိတ်စိတ်လေးနှင့် စစ်ထားပါ
- ဇကာနှင့် ဂျုံစစ်ရာတွင် ဇကာဘေးဘောင်ကို လက်ဖနောင့်လေးနှင့် အသာရိုက်ပြီး သေသေချာ လှုပ်ပေးခြင်းဖြင့် မုန့်သားပွစေရန် အထောက်အကူ ပြုစေပါတယ်
- ထောပတ်ကို အပူပေးပြီး အရည်ဖျော်ကာ အအေးခံထားပါ
- သကြားနှင့် ထောပတ်ကို ပွလာစေရန် မွှေတံနှင့်မွှေပေးပါ စက်ရှိက စက်နှင့်မွှေပေးပါ
- ထောပတ်နဲ့သကြား သမသွားပြီဆိုရင် နို့နှင့် ကြက်ဥကို ထည့်ပေးပြီး မွှေပေးပါ
- ရောထားသော ဂျုံအရောကို ထည့်ပြီး မွှေပေးပါ
- နောက်ဆုံး ကျန်သောနွားနို့နှင့် ဂျုံကို မုန့်နှစ်ရအောင် ထည့်မွှေပေးပါ
- မုန့်ဖုတ်မည့် ဗန်းထဲကို baking paper ခင်းပေးပါ
- Baking paper ခင်းထားသော ဗန်းထဲသို့ မုန့်နှစ်များကို လောင်းထည့်ပေးပြီး မျက်နှာပြင်ညှိပေးပါ
- Ovenကို၁၈၀ဒီကရီနှင့် မုန့်မဖုတ်ခင် မိနစ်၂၀လောက် ကြိုဖွင့်ထားပါ
- Oven ပူလာပြီဆိုတာနဲ့ မုန့်နှစ်ထည့်ထားသော ဗန်းကို ovenထဲထည့်ပြီး ၄၅မိနစ်ထည့်ပြီး ဖုတ်ပေးပါ
- ၄၅မိနစ်ပြည့်ပါက မုန့်သားကျက်မကျက် သိစေရန် အသုံးမပြုရသေးသော ဒုတ်ချွန်လေးနှင့် ထိုးကြည့်ပါ
- မုန့်နှစ်များ ကပ်မပါလာတော့ဘူးဆိုရင် မုန့်သားကျက်ပြီဖြစ်လို့ ထောပတ်ကိတ် မွှေးမွှေးလေးကို oven ထဲမှ ထုတ်ပေးပြီး အအေးခံကာ သုံးဆောင် နိုင်ပါပြီ။
No comments:
Post a Comment