ကန်စွန်းဥတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဘီတာကာရိုတင်း ပါဝင်သည်။ ဗီတာမင် အေပါဝင်မှုကြောင့် အိုမင်းရင့်ရော်မှုကို ဟန့်တားနိုင်ပြီး ကင်ဆာရောဂါများကိုလည်း ကာကွယ်နိုင်သည်။
နေ့လည်နေ့ခင်း မုန့်စားချင်စိတ် ပေါ်လာပေမဲ့ အပြင်သွားရမှာလဲ အင်မတန်မှ ပျင်းလေတော့ အိမ်မှာရှိတဲ့ ရွှေကန်စွန်းဥကို အပျင်းပြေ ကြော်စားကြတယ် ကြော်နည်းလေးလည်းလွယ် စားလို့လည်း ကောင်းလွန်းလို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ရွှေကန်စွန်းဥ - အလုံးကြီးကြီး ၃လုံး
- ထုံး - လက်ဖက်ရည်ဇွန်း တ၀က်
- ရေ - ၂လီတာခန့်
- ဆီ - လီတာဝက်ခန့်
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ပြင်ဆင်ပုံ
- ထုံးကို အရည်ဖျော်ပြီး တညသိပ်လောက်ထားကာ အရည်ကြည်ကို ယူပါ
- ကန်စွန်းဥကို အခွံခွာကာ အခွံခွာတဲ့ ဓါးနဲ့ဘဲ ပါးပါးလှီးချပေးပါ
- အားလုံးလှီးပြီးရင် ထုံးရည်ကြည်နဲ့ နာရီဝက်လောက် စိမ်ပေးပါ
- ထုံးအဆင်သင့် မရှိပါက ဒီအတိုင်းဘဲ ကြော်ပေးပါ
- ထုံးရည်ကြည် စိမ်ထားချိန် နာရီဝက်လောက် ပြည့်တာနဲ့ကန်စွန်းဥများကို ဆယ်ပြီး ရေစစ်ထားပါ
- ရေစစ်တာနဲ့ ဆားနှင့်အရသာ နယ်ပေးပါ
- ဇောက်နက်တဲ့ အိုးကို အပူပေးပြီး ဆီ လီတာဝက်လောက်ထည့်ကာ အပူပေးပါ
- ဆီပူလာတာနဲ့ ကန်စွန်းဥကို အရည်စစ်ပြီး အနေတော် နည်းနည်းခြင်းယူကာ ဆီအိုးထဲထည့်ပြီး ကြော်ပေးပါ
- အကျက်ညီအောင် မကြာမကြာမွှေပေးပါ
- ကန်စွန်းဥများ ကြွတ်ရွလာပြီး ရွှေဝါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ထားပေးပါ
- ကန်စွန်းဥ ကုန်တဲ့အထိ ကြော်ပေးပြီး ကန်စွန်းဥကြော်များကို ဆီစစ်ရင်း အအေးခံထားပါ
- အအေးခံထားသော ကန်စွန်းဥကြော် ကြွတ်ကြွတ်မွှေးမွှေးလေးကို သရည်စာအဖြစ် စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
- ရေနွေးကြမ်းလေးနဲ့ လိုက်ဖက်သလို အအေးနဲ့လဲ လိုက်ဖက်လွန်းတဲ့ အကြော်မွှေးမွှေးလေးပါ
No comments:
Post a Comment