Monday 15 August 2016

ကြက်သား ကြက်ဥ အချိုချက် (တရုတ်စတိုင်လ်)







ဒီနေ့တော့ ကြက်သားနဲ့ကြက်ဥကို တရုတ်ဟင်းလျှာ ချက်နည်းနဲ့ အရည်သောက်ဆမ်း ဟင်းတမယ် ချက်ထားပါတယ် တကယ်ဆိုရင်တော့ ၀က်သားနဲ့ချက်ရင် ပိုပြီးကောင်းပါတယ် ၀က်သားမစားတဲ့ သူတွေအတွက် ကြက်သားနဲ့ အစားထိုးပြီး ချက်ထားပေမဲ့ ထမင်းစားလို့မိန်တဲ့ ဟင်းလေးမို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား - အရိုးထွင်ပြီးသား 400g
  • ကြက်ဥ - ၄လုံး
  • Premium soy sauce - ထမင်းစားဇွန်း ၂ဇွန်း (အသားအရသာနယ်ရန်နှင့် ဟင်းချက်ရန်)
  • Light soy sauce - ထမင်းစားဇွန်း ၃ဇွန်း ( အသားအရသာနယ်ရန်နှင့် ဟင်းချက်ရန်)
  • Sweet soy sauce - ထမင်းစားဇွန်း ၃ဇွန်း ( အသားအရသာနယ်ရန်နှင့် ဟင်းချက်ရန်)
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • သစ်ဂျပိုးခေါက် - ၂ လက်မခန့် တခု
  • နာနတ်ပွင့် - တပွင့်
  • လေးညှင်း - ၂ပွင့်
  • ဖာလာ - တခု
  • ကြက်သွန်ဖြူ - တဥ
  • ချင်း - ခပ်ပါးပါး ၅ပြား
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  • ရေ - တရုတ်ဟင်းပြင်ပန်းကန် အလတ်တလုံးစာ

ပြင်ဆင်ပုံ

  • အရည်ခွံပါသော ကြက်ပေါင်သားကို အရိုးဖယ်ပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
  • ကြက်သွန်ဖြူကို အခွံမခွာဘဲ အလုံးလိုက် ရေဆေးထားပါ
  • ချင်းကိုအခွံခွာပြီး ခပ်ပါးပါး လှီးထားပါ
  • သစ်ဂျပိုးခေါက် ဖာလာ နာနတ်ပွင့် လေးညှင်းတို့ကို ပြင်ထားပါ
  • ကြက်သားကို ဇလုံထဲထည့်ပြီး premium soy sauce ထမင်းစားဇွန်း / light soy sau ထမင်းစားဇွန်း တဇွန်း / sweet soy sauce ထမင်းစားဇွန်း ဆား တို့ကို ထည့်ပြီး နယ်ပေးပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ အရသာနယ်ထားသော ကြက်သားကိုထည့်ပြီး မကြာမကြာ မွှေပေးကာ ကြော်ပေးပြီး ၃မိနစ်တည်ပေးပါ
  • ပြီးတာနဲ့ သကြား သစ်ဂျပိုးခေါက် ဖာလာ နာနတ်ပွင့် လေးညှင်း ချင်းတို့ ထည့်မွှေပေးပါ
  • မိနစ်ဝက်လောက်ရတာနဲ့ ရေကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ကျန်နေသော ပဲငံပြာရည် ၃မျိုးကို ထည့်မွှေပါ
  • မီးကို အနေတော်လောက်လျှော့ပြီး ဟင်းအိုးကို မိနစ်၂၀လောက် တည်ပေးပါ
  • ဟင်းအိုးတည်ထားစဉ် အရသာ ညီစေရန် မကြာမကြာ မွှေပေးပါ
  • ဟင်းရည် အရည်သောက်ဆမ်း လုပ်ချင်ပါက ရေကိုခပ်များများလေး ချန်ပြီး မီးပိတ်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဟင်းအိုးကို မီးပိတ်ပေးပါ
  • ချိုပြီး မွှေးနေတဲ့ ကြက်ဥကြက်သား အချိုချက်ဟင်းကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment