မကုန်နိုင်လွန်းသော ကြက်တောင်ပံ အဖျားလေးတွေကို ဒီနေ့တော့ မွန်ဟင်းခေါ်မလား ကရင်ဟင်းခေါ်မလား ကရင်ပြည်နယ်မှာ နေတုန်းက တစ်မုန်းသောက်ခဲ့ရတဲ့ အရည်သောက်လေး ချက်လိုက်ပြန်ပါပြီ မရမ်းပြား အခြောက်လေးတွေလဲ ရှိနေတော့ စားချင့်စဖွယ် ပြင်ဆင်လိုက်ပြန်ပြီပေါ့ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်တောင်ပံ အဖျား - အချောင်း ၃၀ခန့်
- မုန့်ဟင်းခါးဖတ် - 350 g
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ကြက်သွန်ဖြူ - ၅မွှာ
- နံနံပင် - လိုသလောက်
- ငရုတ်သီးစိမ်း - ဆယ်တောင့်
- ပဒဲကော galanga အမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- မရမ်းပြား အခြောက် - ၅ခုခန့်
- ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
- စပါးလင် - ၃ပင်
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- မုန့်ဟင်းခါးဖတ် - လိုသလောက်
- ဆီ - ထမင်းစားဇွန်း ၃ဇွန်း
- ရေနွေး - ၈ခွက်ခန့်
- ရေအေး - လိုသလောက် ကြက်ရိုးပြုပ်ရန်
ပြင်ဆင်ပုံ
- ကြက်တောင်ပံများကို ရေနွေးပူပူထဲမှာ ၂မိနစ်ခန့်ပြုပ်ပေးပြီး အရည်ကို သွန်ပေးပါ
- ရေနွေးသွန်ပြီးတာနဲ့ ရေအေးနှင့် တစ်ထပ်ဆေးပေးပါ
- ရေနွေးကို ပွက်ပွက်ဆူအောင် တည်ပေးပြီး ဗီနီကာနှင့် ဆားထည့်ကာ ကြက်ခြေထောက်များကို တစ်မိနစ်လောက် ပြုပ်ပေးပါ
- ပြီးတာနဲ့ရေအေးနှင့် စင်အောင်ဆေးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ထောင်းထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ထောင်းထားပါ
- ပဒဲကောမှုန့်ကို ပြင်ထားပါ
- ပဒဲကောမရှိပါက ချင်းကို အစားထိုးပြီးသုံးရန် ထောင်းထားပါ
- စပါးလင်ကို အနည်းငယ်ကျေသွားအောင် ထုထားပါ
- ရေနွေးကို လိုသလောက် ပြင်ထားပါ
- နံနံပင်ကို ခပ်ကြမ်းကြမ်း လှီးထားပါ
- ဒယ်အိုးထဲမှာ ဆီကိုအပူပေးပြီး ထောင်းထားသော ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ပဒဲကောမှုန့် နှင့် ငရုတ်သီးစိမ်း) နှင့်နနွင်းမှုန့် ကို မီးအနေတော်ဖြင့် မွှေးလာအောင် မွှေကြော်ပေးပါ
- ကြော်ထားသော အဖတ်များ မွှေးလာပြီး တော်တော်နွမ်းလာတာနဲ့ ငါးငံပြာရည်ထည့်၍ မိနစ်ဝက်လောက် ကြော်လိုက်ပါ
- ပြီးတာနဲ့ အချိုမှုန့် ထုထားသော စပါးလင် မရမ်းပြားအခြောက် ကြက်တောင်ပံတို့ထည့်ကာ အထက်အောက်မွှေပေးပြီး မီးအနေတော်နှင့် တစ်မိနစ်လောက် မွှေကြော်ပေးပါ
- ကြော်ပြီးတာနဲ့ ရေတစ်ဝက်ထည့်ကာ အိုးအဖုံးဖုံး၍ ရေဆူပြီး ၁၅မိနစ်လောက် အထိတည်ပေးပါ
- ရေဆူချိန် ပြည့်တာနဲ့ နောက်ထပ်ကျန်နေသော ရေကိုထပ်ထည့်ပြီး ကြက်ခြေထောက် နူးလာအောင် ထပ်တည်ပေးပါ
- ရေကို မိမိနှစ်သက်သလို ရနိုင်အောင် လိုတိုးပိုလျှော့ ချင့်ချိန်ပေးပါ
- ကြက်တောင်ပံများ နူးလာတာနဲ့ ငရုတ်ကောင်းမှုန့် ခပ်ကာ အရသာကို လိုသလိုမြည်းပြီး ပြင်ပေးပါ
- ပူစပ်ပြီး ချဉ်ချဉ်ငံငံစပ်စပ် ဟင်းရည် မွှေးမွှေးလေးကို နှစ်သက်သလို စားသုံးနိုင်ပါပြီ
- ဟင်းရည်အား ဒီအတိုင်း သောက်နိုင်သလို မုန့်ဖတ်ဖြင့် တွဲဖက်၍ နံနံပင်ထည့်ပေးပြီး အရသာရှိစွာ သောက်နိုင်ပါပြီ။
No comments:
Post a Comment