သရက်သီးစိမ်း ပေါ်ချိန်လေးမှာ သရက်သီးကို အမျိုးမျိုး လုပ်စားဖြစ်တဲ့ အထဲက ဒီနေ့တော့ သရက်ချဉ်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- သရက်သီး လှီးပြီးသား - 1000 g
- ဆားကြမ်း - 100 g
ပြင်ဆင်ပုံ
- သရက်သီးများကို အညှာဖက်မှ အနည်းငယ်လှီးကာ အစေးများ ထွက်စေရန် ရေ ၃နာရီလောက် စိမ်ထားပါ
- ရေစိမ်ပြီးပါက သရက်သီးများကို အခွံမခွာဘဲ ခပ်ပါးပါး အချပ်လေးများရအောင် အရင်ဆုံး လှီးပေးပါ
- သရက်စေ့များကို ထည့်မသုံးပါ
- လှီးလို့ရလာသော အချပ်များကို အစိတ်အမြှောင်းလေးများရအောင် လှီးပေးပါ
- အားလုံးလှီးပြီးတာနဲ့ ဇလုံတစ်လုံးထဲထည့်ပြီး ဆားနှင့် ခပ်ဖွဖွနယ်ပေးပါ
- ဆားနှင့်နယ်နေစဉ် ထွက်လာသော အရည်များနှင့်အတူ ပလပ်စတိတ်အိတ် သန့်သန့်ထဲထည့်ပြီး ကျစ်နေအောင် လိမ်ပြီးထုတ်ပေးပါ
- ပြီးတာနဲ့ သွားထိုးတံ သန့်သန့်ဖြင့် အပေါက်လေးများ လိုက်ဖောက်ပေးကာ ဇလုံတစ်ခုထဲထည့်ပြီး အပေါ်မှ ခပ်လေးလေး အလေးတခုနှင့် ဖိထားပြီး တစ်ရက်ထားပေးပါ
- အလေးဖိထားစဉ် ထွက်လာသော အရည်များနှင့် သရက်သီးများကို တစ်ေနကုန် စိမ်ထားပေးပါ
- နောက်တစ်ေန့မှာ ထွက်လာသော အရည်များကိုသွန်ပြီး နောက်တစ်ရက် ထပ်ပြီး အလေးနှင့် ထပ်ဖိပေးထားပါ
- ထပ်ပြီးထွက်လာသော အရည်များ စစ်သွားစေရန် သရက်သီးထုတ်အောက်မှ ပန်းကန်ပြားတစ်ချပ်ကို မှောက်ပြီးခံကာ သရက်သီးထုတ်ကိုတင်ပြီး အပေါ်မှ အလေးဖြင့် ထပ်ဖိထားပေးပါ
- ထပ်ထွက်လာသော အရည်များကို သွန်ပြစ်ပြီး သရက်ချဉ်နှင့် မထိအောင် ထားပေးပါ
- ၂ရက်မြောက်နေ့မှာ ထွက်လာသော အရည်များစစ်သွားပြီး သရက်ချဉ်မွှေမွှေးလေး ရပါပြီ။
မစားရတာကြာပြီ အုန်းထမင်းကြက်သားဟင်း သရက်ချဉ်လေးသုပ်ပြီးစားလိုက်ရတော့
ReplyDeleteညီမလေးပြောမှ အုန်းထမင်းလေးတောင် စားချင်လာပြီ
ReplyDeleteMa Ma Mar, it is so useful as I cannot find it in any asian supermarket in here. Thank you!
ReplyDelete