Tuesday 3 November 2015

ပင်လယ်စာအစုံ သရက်သီးစိမ်းဆီပြန်


Sea foods အစာတွေ ၀ယ်ထားမိတော့ တမုန်းတော့ ချက်စားရတယ်ပေါ့နော် အရသာကို မထပ်ရအောင် မကျည်းသီးမှည့်နဲ့ချက်လိုက် သုပ်စားလိုက် ဟင်းချိုရည် လုပ်လိုက် အမျိုးစုံအောင် လုပ်စားဖြစ်ပါတယ်။

ဒီတခါတော့ သရက်သီး ပေါ်ချိန်လေးမှာ သရက်သီးစိမ်းလေးနဲ့ ဆီပြန် ချက်ထားတာလေး မျှဝေလိုက်ပါတယ် ချဉ်ဖြုံ့ဖြုံ့လေးနဲ့ စားလို့ကောင်းလွန်းလို့ ချက်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပင်လယ်စာအစုံ - 400 g
  2. ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  3. ညက်နေအောင် ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ညက်နေအောင် ထောင်းထားသော ချင်း - လက်တစ်ဆစ်
  5. ခပ်ကြမ်းကြမ်းပေါက်ထားသော သရက်သီးစိမ်း  - အနေတော် တစ်လုံး
  6. ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
  7. ဆီ ထမင်းစားဇွန်း - လေးဇွန်းသာသာ
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဝက်

အသား အရသာနယ်ရန်
  • ပင်လယ်စာအစုံကို အရင်ဆုံး  ရေစင်အောင်ဆေးပေးပါ
  • ဇလုံကျယ်ကျယ်ထဲမှာ ပင်လယ်စာများကို ထဲ့ပေးပါ
  • ပင်လယ်စာများထဲကို ဆား လက်ဖက်ရည်ဇွန်း တ၀က်နှင့် ငါးငံပြာရည် ထမင်းစားဇွန်း တဇွန်းထဲ့ပေးပါ
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံထဲ့ပေးပါ
  • အချိုမှုန့် လက်ဖက်ရည်ဇွန်း တ၀က်သာသာထဲ့ပေးပါ
  • အားလုံးထဲ့ပြီးပါက ပင်လယ်စာများကို အရသာဝင်စေရန် နယ်ပေးပါ
ဟင်းချက်ရန်
  • ဆီကိုအရင်ဆုံးအပူပေးပါ
  • ဆီပူလာမှ နနွင်းမှုန့်ကို အရင်ဆုံးထဲ့ပြီးတာနဲ့ထောင်းထားသောငရုတ်သီးနှင့် ဟင်းချက်အမွှေးအကြိုင်များ ထဲ့မွှေပါ
  • တမိနစ်လောက်မွှေပြီးတာနဲ့ ငရုတ်သီးအရောင်တင်မှုန့်ကိုထဲ့ပြီး တမိနစ်လောက်မွှေပေးပါ
  • ငရုတ်သီးဆီသတ်နံ့မွှေးလာပြီဆိုတာနဲ့ ပင်လယ်စာ အရသာနယ်ကို ထဲ့ပြီးမွှေပေးပါ
  • ဟင်းအိုးကို အရသာညီအောင် လှုပ်ပေးပါ
  • ပင်လယ်စာ အသားများ မာပြီးတင်းသွားမှ သရက်သီးနှင့် ရေမြုပ်အောင်ထဲ့ပြီး အဖုံးအုပ်တည်ပေးပါ
  • အိုးမကပ်စေရန် လှုပ်လှုပ်ပေးပါ
  • သရက်သီးလဲနူး ဆီလဲပြန်ပြီဆိုတာနဲ့ အရသာမြည်းကာ မီးပိတ်ပေးပါ
  • ပင်လယ်စာ သရက်သီးစိမ်း အချဉ်ဆီပြန် ဟင်းလေးတစ်ခွက် ရပါပြီ။

No comments:

Post a Comment