ဒီလိုအချိန်ဆို ပင်လယ်စာအစုံ ရောပြီးသားလေးတွေ အရမ်းပေါပါတယ် အရင်တစ်ကီလိုကို $13 လောက်ရောင်းရင် အခုလို အချိန်မျိုးမှာ $8 လောက်နဲ့ ရတတ်ပါတယ်။
ပင်လယ်စာအစုံကို စပါးလင်နိုင်နိုင်နဲ့ ပြုပ်ပြီး ချဉ်ငံစပ် ဒီအတိုင်း သောက်ရတာကို သဘောကျမိပါတယ် မြန်မာပြည်မှာ ခရုပြုပ်ပြီးသောက်တဲ့ အရသာလိုဘဲမို့ ပြုပ်နည်းလေးလွယ်ကူပေမဲ့ မသိသေးသူတွေအတွက် မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ရေဆေးသန့်စင်ထားသော ပင်လယ်စာများ - 450 g
- စပါးလင် -၂ပင်
- ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ မရှိတစ်ရှိ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ - အနည်းငယ်
- သံပုရာသီး - တစ်စိတ်
- ငရုတ်သီးစိမ်း - နှစ်သက်သလောက်
ပြင်ဆင်ပုံ
- ဇောက်နက်သော အိုးတစ်လုံးထဲမှာ ပင်လယ်စာများ ဆား ကြက်သားမှုန့်တို့ကို ထည့်ပေးပါ
- စပါးလင်အရွက်များကို ထုံးပြီး အရင်းပိုင်းကို ထုပြီးထည့်ပေးပါ
- ရေကို အရင်ဆုံး မြုပ်တယ်ဆိုရုံလေးထည့်ပြီး အသားများ မာသွားအောင် ပြုပ်ပေးပါ
- ပြုပ်ထားသော ရေမခမ်းခင် နောက်ထပ်ရေ တရုတ်ဟင်းရည်သောက် ပန်းကန်လုံး ၂လုံးနီးပါးစာထည့်ပြီး ရေဆူအောင်တည်ပေးပါ
- ရေသုံးမိနစ်လောက် ပွက်ပွက်ဆူလာတာနဲ့ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်ကိုထည့်ပြီး အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
- အကြာကြီး ရေဆူအောင်တည်စရာမလိုဘဲ သုံးမိနစ်လောက်ဆူပြီးတာနဲ့ စားပွဲပြင်ဆင်နိုင်ပါပြီ
- ဟင်းရည်ပန်းကန်ထဲ ငရုတ်သီးစိမ်း ကြက်သွန်နီနှင့် သံပုရာရည်ထည့်ကာ ဟင်းရည်ပူပူ မွှေးမွှေးလေး သောက်သုံးနိုင်ပါပြီ။
No comments:
Post a Comment