Friday 27 November 2015

ငရုတ်သီးအလှော်မှုန့် ဆားထောင်း


ချဉ်ရည်ဟင်း တစ်မယ်ချက်တိုင်း မပါမဖြစ်တဲ့ ငရုတ်သီးဆားထောင်းလေး ထောင်းဖြစ်တာမို့ ငရုတ်သီးဆားထောင်း ထောင်းနည်း အမျိုးမျိုးတွေထဲက ဒီတစ်ခါ ငရုတ်သီးအလှော်မှုန့်နဲ့ ထောင်းဖြစ်တဲ့ နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငရုတ်သီးအလှော်မှုန့် - လက်ဖက်ရည် ထမင်းစားဇွန်း ၄ဇွန်းမောက်မောက်
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၉မွှာ
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ပဲဆီစိမ်း - ထမင်းစားဇွန်း ၃ဇွန်း

ပြင်ဆင်ပုံ
  1. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  2. ငရုတ်သီးမှုန့် ဆား အချိုမှုန့် ဆီတို့ပြင်ထားပါ
  3. အရင်ဆုံး ကြက်သွန်ဖြူကို ငရုတ်ဆုံထဲမှာ မညက်တညက် ထောင်းပေးပါ
  4. ပြီးတာနဲ့ ငရုတ်သီးမှုန့် အချိုမှုန့် ဆားတို့ထည့်ပြီး ၁၅ချက်လောက် ထောင်းပေးပါ
  5. ထောင်းပြီးတာနဲ့ ပန်းကန်တစ်ခုထဲပြောင်းပြီး ငရုတ်သီးဆားထောင်းကို ဆီစိမ်ပေးပါ
  6. ပြီးတာနဲ့ လိုက်ဖက်တဲ့ ချဉ်ရည်ဟင်းနဲ့ တွဲဘက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။


No comments:

Post a Comment