ကြက်သားနဲ့ပျားရည်ကြော်ရတာ စားလို့ကောင်းသလောက် ကြော်ရတာတော့ နည်းနည်းလေး လက်ဝင်ပါတယ် မီးအချိန်အစ တော်တော်လေး သတိထားရပြီး မီးများတာနဲ့ ပျားရည်အချို အရသာကြောင့် မည်းမည်းကြီး ဖြစ်သွားတတ်ပါတယ်။
မီးနည်းလွန်းရင်လဲ တော်တော်နဲ့အတွင်းသားက မကျက်နိုင်ပြန်ပါဘူး ဒါကြောင့်မို့ မာမာကြော်တဲ့နည်းကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ပေါင်ရင်းသား - လေးတုံး
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ပျားရည် - ထမင်းစားဇွန်း နှစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - လိုသလောက် သုံးပေးပါ
ကြက်သားအရသာနယ်ရန်
- ကြက်သားကို ရေဆေးပြီး ရေခြောက်အောင် paper towel နှင့် ခြောက်အောင် သုတ်ပေးပါ
- ဇလုံတစ်လုံးထဲမှာ နနွင်းမှုန့် ဆား ပျားရည်တို့နှင့် အရသာဝင်အောင် ဆုပ်ဆုပ်ပြီး နယ်ပေးပါ
- ရေခဲသေတ္တာ မခဲတဲ့ အထပ်မှာ တစ်ည သို့မဟုတ် ငါးနာရီလောက် နှပ်ထားပေးပါ
- ရေခဲသေတ္တာထဲမှာ မထားချင်လဲ ချက်ခြင်းကြော်နိုင်ပါတယ်။
ပြင်ဆင်ပုံ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို မီးအားပြင်းပြင်းနဲ့ အပူပေးလိုက်ပါ
- ဆီအငွေ့တက်လာတာနဲ့ မီးကို အလယ်လောက်ထိလျှော့ပြီး အငွေ့ငြိမ်အောင် ထားလိုက်ပါ
- ဆီအငွေ့ငြိမ်တော့မှ ကြက်သားကို တစ်တုံးခြင်း အိုးဆန့်သလောက် ထည့်ကြော်ပါ
- အရည်ခွံများ မည်းမသွားစေရန် မကြာမကြာ လှန်လှန်ပေးပြီး တစ်ဖက်ကို သုံးမိနစ်လောက်ဘဲ ကြော်ပေးပါ
- ပျားရည်ကြောင့် ကြက်သားတုံးများ မည်းမသွားစေရန် အကြာကြီး မကြော်မိဖို့ သတိထားပါ
- ကြက်သားကြော်ချိန် ခြောက်မိနစ်လောက် ရတာနဲ့ ဆယ်ပြီး ဆီစစ်ပေးပါ
- အထဲမျ အသားများ ကျက်စေရန်အတွက် မိုက်ခရိုဝေ့ မီးဖိုထဲမှာ တစ်မိနစ်ဆီ နှစ်ခါ သုံးခါလောက် ဟိုဘက်ဒီဘက် လှန်ပေးပြီး ထည့်ပေးပါ
- ပြီးတာနဲ့ ထမင်းပူပူလေးနှင့် တွဲပြီး စားနိုင်တဲ့ ကြက်သားပျားရည်ကြော် မွှေးမွှေးလေး ရပါပြီ။
No comments:
Post a Comment