Wednesday 11 November 2015

ဆိတ်သားကြော်


ဆိတ်သားကြော် မွမွလေး စားချင်တာနဲ့ ဈေးအင်မတန်ကြီးတဲ့ ဆိတ်သားကို အရသာနယ်ကာ အခြောက်လှန်းပြီး ကြော်ထားလို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်သား - 1 kg
  2. ချင်း - ခပ်ပါးပါး နှစ်ပြား
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ဆိတ်သားကို အတုံးလိုက် ရေဆေးပြီး ရေစင်အောင်သုတ်ကာ လက်၂လုံးစာလောက် အရှည်အမြှောင်းလေးများ တုံးထားပေးပါ
  • တုံးထားသော ဆိတ်သားများကို  ကြက်သားမှုန့် နနွင်း ချင်း သံပုရာရည်တို့နှင့် နယ်ထားပြီး ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ တညလောက် ထားပေးပါ 
  • ညသိပ်မထားဘဲ ချက်ခြင်းနေလှန်းလဲ ရပါတယ်
  • ဆိတ်သားကို ဇေကာတစ်ချပ်ထဲမှာ ဖြန့်ထည့်ပြီး နေပူပူမှာ လှန်းပေးပါ
  • ပထမ တစ်ရက် နေလှန်းထားစဉ် နေ့လည်လောက်မှာ နောက်တစ်ဖက်ကို လှန်ပေးပြီး ဆက်လှန်းပေးပါ
  • နောက်နေ့ နေ့တစ်ဝက်လောက် လှန်းပြီးတာနဲ့  ကြော်လို့ရပါပြီ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ 
  • ဆီပူလာက မီးကို အနည်းငယ်လျော့ပြီးမှ ဆိတ်သားခြောက်ကို ထည့်ကြော်ပါ
  • တစ်ဖက်က ရွှေဝါရောင် သန်းလာပါက နောက်တစ်ဖက်ကို လှန်ပြီးကြော်ပေးပါ
  • ကျန်တဲ့တစ်ဖက်လဲ ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ကြွတ်ကြွတ်မွမွလေးနဲ့ အရသာရှိတဲ့ ဆိတ်သားကြော်လေးရပါပြီ။
  • ဤနည်းအတိုင်း သိုးသား အမဲသားတို့ကို ကြော်နိုင်ပါတယ်။

No comments:

Post a Comment