မာမာချက်တဲ့ အစားအစာတွေထဲမှာ သဘာဝအရောင်ကိုဘဲ ယူတာများပါတယ် food coloring တွေ သုံးခဲပါတယ် ဒီချက်နည်းလေးမှာတော့ အရောင်ဆိုးဆေး အနည်းငယ် သုံးထားပါတယ်။
တစ်ေယာက်နဲ့တစ်ေယာက် ချက်နည်းတွေ တူချင်မှ တူပါလိမ့်မယ် အဆင်ပြေစွာ ချက်နိုင်ဖို့ဘဲ လိုပါတယ် ဒါကြောင့်မို့ အိမ်ချက် ဒံပေါက်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ဒံပေါက် ၆ပွဲစာ ပါဝင်ပစ္စည်းများ
ကြက်သွန်နီကြော်ရန်
- ဆီ - လက်ဖက်ရည် အကြမ်းပန်းကန်လုံး နှစ်လုံးစာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံး
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ဒယ်အိုးထဲမှာ ဆီထည့်ကာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ကို ထည့်ပေးပါ
- ပြီးတာနဲ့ လှီးထားသော ကြက်သွန်နီကို ရွှေဝါရောင် သန်းလာအောင် ကြော်ပြီး ဆယ်ထားပါ
(ကြက်သားအရသာနယ်ရန် လိုအပ်သော ပစ္စည်းများ)
- ကြက်ပေါင်ရင်းသား - တစ်ကီလို
- ကြက်သွန်နီကြော် - ထမင်းစားဇွန်း ၃ဇွန်းခန့်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- ချင်း - တစ်လက်မကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- ကရဝေးရွက် - ၄ရွက်
- ဖာလာစေ့ - ၄စေ့
- လေးညှင်း - ၄ပွင့်
- သစ်ဂျပိုးခေါက် - တစ်လက်မခွဲခန့် နှစ်ချောင်း
- ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
- ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (ကြိုက်လျှင်ထည့်ပါ)
- ဒိန်ချဉ် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ မောက်မောက်
- ဆီ - ထမင်းစားဇွန်း ၁၄ဇွန်းခန့်
- ငရုတ်သီး အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း သုံးဇွန်း
- အားလုံးကို ဇလုံတစ်လုံးထဲမှာထည့်ပြီး အရသာဝင်အောင် နယ်ပေးကာ cling wrap နှင့် လုံအောင်ပိတ်ပြီး ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ ၁၂နာရီခန့် နှပ်ထားပေးပါ
- နောက်နေ့မနက်မှာ အရသာ နယ်ထားသော ကြက်သားကို အိုးတစ်လုံးထဲထည့်ပြီး တစ်ဝက်နီးပါးကျက်အောင် ချက်ထားပေးပါ
(ဒံပေါက်ထမင်း ၆ပွဲစာ ချက်ရန် လိုအပ်သော ပစ္စည်းများ)
- Basmati ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၆ဗူး
- ရေ - ၄လီတာ
- ghee ထောပါတ် - ထမင်းစားဇွန်း ၂ဇွန်း
- ကရဝေးရွက် - ၄ရွက်
- ဖာလာစေ့ - ၄စေ့
- လေးညှင်း - ၆ပွင့်
- ငရုတ်ကောင်း - ၆စေ့
- ဆား - လက်ဖက်ရည်ဇွန်း ၆ဇွန်း
(ထမင်းချက်ရန် ပြင်ဆင်ပုံ)
- ဆန်ကို ရေဆေးပြီး ရေနာရီဝက်လောက် စိမ်ထားပါ
- ရေစိမ်ချိန် နာရီဝက် ပြည့်တာနဲ့ ရေစစ်ထားပြီး ထမင်းချက်ဖို့ စတင်ပြင်ဆင်ပေးပါ
- ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေကိုဆူအောင်တည်ပြီး ဆား ghee ထောပတ် ကရဝေးရွက် ဖာလာစေ့ ငရုတ်ကောင်းစေ့တို့ထည့်ပြီး
နှစ်မိနစ်လောက် ဆူအောင်ထားပါ - ရေဆူချိန် နှစ်မိနစ်ပြည့်တာနဲ့ဆန်ထည့်
ကာ မီးအားပြင်ပြင်းနဲ့ ဆူအောင် ဆက်တည်ပါ - ဆန်တစ်ဝက်ကျက်ဖို့ ငါးမိနစ်လောက် တည်ပြီးတာနဲ့ အပေါက်စိတ်သော ဇကာထဲ သွန်ချပြီး ရေစစ်ထားပါ
(ဒံပေါက်ချက်ရန် ပါဝင်ပစ္စည်းများ)
- ရေစစ်ထားသော တစ်ဝက်ကျက်ထားသည့် ထမင်း
- တစ်ဝက်ကျက်အောင် ချက်ထားသော ကြက်သား
- စပျစ်သီးခြောက် - လက်ဖက်ရည်အကြမ်းပန်းကန်လုံး
တစ်လုံးစာ - food coloring (Yellow) - လေးစက်ခန့်
- အရောင်ရေရောရန် ရေ - ထမင်းစားဇွန်း၎ဇွန်း
- နွားနို့ - ထမင်းစားဇွန်း ၄ဇွန်း
- ဆီ - ထမင်းစားဇွန်း ၂ဇွန်း
- ထောပါတ်ခဲ - တစ်လက်မခန့်
(ပြင်ဆင်ပုံ)
- အောက်ခြေမကပ်ဘဲ အိုးအသားထူသော အိုးထဲမှာ တစ်ဝက်ကျက်အောင် ချက်ထားသော ကြက်သားကို ဖြန့်ထည့်ပါ
- ပြီးလျှင် ထိုဟင်းပေါ်မှာ တစ်ဝက်ကျက်ထားသော ထမင်းကို အနည်းငယ်ချန်ကာ ဖြန့်ပြီးထည့်ပေးပါ
- ထမင်းအပေါ်မှာ ဆီနှင့် နွားနို့ကို ဖြန့်ပြီး ထည့်ပေးပါ
- ကြက်သွန်ကြော် ထမင်းစားဇွန်း ၃ဇွန်းနှင့် စပျစ်သီးခြောက်ကို ဖြန့်ထည့်ပြီး ထိုအပေါ်မှာ ထမင်းအနည်းငယ် ဖြန့်ခင်းပေးပါ
- Food coloring ကို ရေ ထမင်းစားဇွန်း ၄ဇွန့်နှင့်ရောမွှေကာ ထမင်းပေါ်မှာ ဇွန်းနှင့်ခပ်ပြီး ဖြန့်လောင်းပေးပါ
- ထောပါတ်တုံးကို လေးတုံးရအောင် လှီးပေးကာ ထမင်းအပေါ်မှာ တင်ပေးပါ
- ပြီးတာနဲ့ အိုးကို လေလုံအောင် aluminum foil တစ်ထပ်ဖုံးပြီး အိုးအဖုံးကို ထပ်ဖုံးပေးပါ
- မီးအားပြင်းပြင်းနဲ့ အပူပေးထားသော ဒယ်ပြားပေါ်မှာ ထမင်းအိုးကိုတင်ပြီး ၅မိနစ်လောက် တည်ပေးပါ
- ၅မိနစ် ပြည့်တာနဲ့ မီးကို နံပါတ် ၂လောက်ထိလျှော့ပြီး နာရီဝက်လာက် ဆက်ပြီးနှပ်ထားပေးပါ
- ပြီးတာနဲ့ မီးပိတ်ပြီး မိနစ်၃၀လောက် မီးဖိုပေါ်မှာ ဆက်နှပ်ထားပြီးရင် ကြက်သားဒံပေါက်ထမင်း မွှေးမွှေးလေး ရပါပြီ။
- ကြက်သား ဒံပေါက်ထမင်းကို သရက်သီးသနပ် ဂေါ်ဖီ မုံလာဥနီ ပူစီနံ ငရုတ်သီးစိမ်း ပဲဟင်းချိုတို့နှင့် စားသုံးရန် ပြင်ဆင်ပေးနိုင်ပါပြီ။
Ma Ma Mar!
ReplyDeleteThank you for your goodwill for sharing the very useful recipes.
Ok,thank naw
Delete