နွေရာသီ ရောက်လာပြီဆိုတော့ အစားအသောက်က ပျက်ချင်လာသလိုလို ဖြစ်လာခဲ့တယ်ပေါ့နော် အဲဒါနဲ့ နေ့လည်နေ့ခင်း အပျင်းပြေလေး စားရအောင် မြန်မာပြည်က ယူလာတဲ့ စလေဇီးသီး အခြောက်လေးတွေကို ဇီးယိုထိုးဖြစ်သွားပါတယ်။
မာမာတို့၉တန်း ၁၀တန်းလောက်က အိမ်မှာ ယိုမျိုးစုံလုပ်ငန်း လုပ်လေတော့ ယိုထိုးရတာ ကိုယ့်လက် ကိုယ့်ခြေလို ဖြစ်ခဲ့ပါတယ် ဒါကြောင့်မို့ မြန်မြန်နဲ့ လွယ်လွယ်ပြီးစေမဲ့ ယိုထိုးနည်းလေး မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- စလေဇီးသီးခြောက် - 150 g
- ထန်းလျှက်ခဲ - 100 g
- ငရုတ်သီးအကြမ်းမှုန့် - လက်ဖက်ရည်ဇွန်းမောက်မောက် ၃ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- လေးညှင်း - ၂ပွင့်
- ဖာလာ - ၂စေ့
- စမုံစပါး - ၂၅စေ့ အစေ့၃၀ခန့်
ပြင်ဆင်ပုံ
- စလေဇီးသီးခြောက်ကို ရေတစ်နာရီလောက် စိမ်ထားပြီး အသီးများ ပျော့လာပါက ရေစစ်ထားပါ
- ဒါမှမဟုတ် ပေါင်းအိုးထဲမှာ မိနစ်၂၀လောက် ပေါင်းပေးပါ
- ထန်းလျှက်ခဲကို ရေမြုပ်အောင်ထည့်ပြီး ပေါက်စေးမကျတစ်ကျ ကျိုပေးပါ
- ထန်းလျှက်ရည် ပေါက်စေးမကျခင် အမှိုက်များကို ဇကာနှင့်စစ်ပြီး ထန်းလျှက်ရည်ကို အိုးထဲပြန်ထည့်ပေးပါ
- ထန်းလျှက်ရည်ထဲသို့ ငရုတ်သီးမှုန့် ဆား လေးညှင်း ဖာလာ စမုံစပါး ဇီးသီးတို့ကို တခါထဲ ထည့်မွှေပေးပြီး ရေခမ်းအောင် မီးအေးအေးနှင့် မွှေပေးပါ
- ရေခမ်းလာပြီး စလေဇီးယိုလေးလဲ မွှေးလာပြီဆိုပါက အအေးခံပေးပြီး ချိုချဉ်ငံစပ် အရသာစုံ ရနိုင်မဲ့ စလေဇီးယိုကို စားသုံးနိုင်ပါပြီ။
Thank you Ma Ma Mar! It is so useful.
ReplyDelete