Saturday 7 November 2015

ပုဇွန်ခြောက်ထောင်း ချဉ်ပေါင်ကြော်


ချဉ်ပေါင်အနီလေးတွေ ခြံထဲမှာအလေ့ကျ ပြန်ပေါက်နေတာနဲ့ ဆင်းခူးလိုက်တော့ တစ်ခါကြော်စာ ရလိုက်တာမို့ လို့  ပုဇွှန်ခြောက်ကို ထောင်းပြီး ကြော်လိုက်ပါတယ် ဒါကြောင့်မို့ မာမာကြော်တဲ့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အရိုးသင်ပြီး ရေစင်အောင်ဆေးပြီး ရေစစ်ထားသော ချဉ်ပေါင်အနီ - ဇကာအလတ် တစ်လုံးစာ
  2. ပြုပ်ပြီး ခပ်ပါးပါး လှီးထားသော မျှစ် - တရုတ်ဟင်းပြင်ပန်းကန် အလတ် တစ်လုံးစာ
  3. ပုဇွန်ခြောက် - အကောင် သုံးဆယ်ခန့်
  4. ခပ်ပါးပါး လှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  5. အနေတော် စိတ်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  6. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  10. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  11. ငရုတ်သီးစိမ်း - နှစ်သက်သလောက်

ပြင်ဆင်ချက်ပြုပ်ပုံ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ပုဇွန်ခြောက်ကို မညက်တစ်ညက် ထောင်းထားပါ
  • အောက်ခြေမကပ်သော အိုးကို အပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
  • ဆီပူလာပါက ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်ကို ထည့်ပြီး မွှေးလာအောင်ကြော်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့ ပုဇွန်ခြောက်မှုန့်ကို တစ်မိနစ်လောက် ထည့်ပြီး ကြော်ပေးပါ
  • ပြီးတာနဲ့ ချဉ်ပေါင်ရွက်ကို ထည့်ပြီးမွှေပေးပါ
  • ချဉ်ပေါင်ရွက် ကျေလာတာနဲ့မျှစ်ကို ထည့်ကြော်ပါ
  • အားလုံးသမသွားတာနဲ့ ငံပြာရည်နှင့် အရသာမှုန့် ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတို့ထည့်ပြီး တစ်မိနစ်လောက် ကြော်ပေးပါ
  • အရသာ အားလုံးသမသွားပြီ ဆိုတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးကာ ချဉ်ပေါင်ကြော် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

2 comments:

  1. Replies
    1. တကယ်စားစေချင်မိတယ် ညီမလေးရေ

      Delete