Wednesday 25 November 2015

နာနတ်ယို






ဒီတခါတော့ နာနတ်သီး ယိုထိုးနည်းလေး မျှဝေပေးပါမယ် အချိုအချဉ်အရသာ အနေတော်လေးပေမဲ့ အချိုအရမ်းမကြိုက်ရင် သကြားနည်းနည်းလျှော့ပြီး ယိုထိုးနိုင်ပါတယ်။

အုန်းသီးမှုန့်ကို အစိုထည့်ပြီး ယိုထိုးနိုင်သလို အုန်းသီးမှုန့် အခြောက်ကိုလဲ သုံးနိုင်ပါတယ် မာမာကတော့ အုန်းသီးမှုန့် အခြောက်မှုန့်ကို သုံးပြီး ယိုထိုးထားပါတယ်။

ပါဝင်ပစ္စည်းများ

  1. နာနတ်သီးအမှည့် - အခွံခွာပြီးသား  1000 g
  2. အုန်းသီးမှုန့် အခြောက် - 200 g
  3. သကြားအဖြူ - 100 g
  4. ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  5. ပျားရည် - ထမင်းစားဇွန်း မောက်မောက် ၂ဇွန်း



ပြင်ဆင်ပုံ

  1. နာနတ်သီးကို အခွံခွာပြီး မျက်စေ့ပေါက်လေးများထုတ်ကာ သရက်သီးပေါက်သလို ပေါက်ပြီး အစိတ်လေးများ ရအောင်လှီးပေးထားပါ 
  2. အုန်းသီးမှုန့် သကြား ဆား ပျားရည်တို့ကို အဆင်သင့် ပြင်ထားပါ
  3. ဇောက်နက်ပြီး အောက်ခြေမကပ်သော အိုးတလုံးထဲမှာ နာနတ်သီးနှင့်နာနတ်သီးမှ ထွက်လာသော အရည်များ ဆား သကြား အုန်းသီးမှုန့် ပျားရည်တို့ကိုထည့်ပြီး မီးအနေတော်နှင့် အဆက်မပြတ်မပြတ် မွှေပေးပါ
  4. မွှေနေရင်း နာနတ်သီးမှ ထွက်လာသော အရည်များခမ်းကာ သကြားနှင့် ပျားရည်တို့ ပေါက်စေးကျလာကာ အရောင်ပါ တဖြည်းဖြည်း ညိုလာပြီး နာနတ်ယိုနံ့သင်းလာပါလိမ့်မယ်
  5. ရေလဲခမ်း နာနတ်ယိုနံ့လဲ မွှေးလာပြီဆိုတာနဲ့ မီးပိတ် အအေးခံပြီး ချိုချဉ်အရသာကောင်းတဲ့ နာနတ်ယိုကို စားသုံးနိုင်ပါပြီ။

1 comment: