မြန်မာဟင်းလေးတွေကိုမှ နှစ်သက်တဲ့ သူတွေအတွက် ထမင်းစားလို့ မြိန်စေမဲ့ ဗူးသီးချဉ်ရည်ဟင်းလေး ချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဗူးသီး - လှီးပြီးသား ဟင်းပြင်ပန်းကန် ၃လုံးစာ
- ပန်းဂေါ်ဖီ - လှီးပြီးသား ဟင်းပြင်ပန်းကန် တစ်လုံးစာ
- ခရမ်းချဉ်သီး - အလုံးကြီးကြီး ၄လုံး
- ပုဇွန်ထုတ် - ၅ကောင်
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ -၂မွှာ
- ချင်း - လက်တဆစ် မရှိတစ်ရှိ
- ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တ၀စ်က်သာသာ
- မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
- ဆီ - ထမင်းစားဇွန်း ၂ဇွန်း
ပြင်ဆင်ပုံ
- ဗူးသီးကို အခွံခွာကာ ရေဆေးပြီးမှ လှီးပေးပါ
- ပန်းဂေါ်ဖီကို အခက်လိုက် ရေဆေးပြီးမှ အနေတော် လှီးပေးထားပါ
- ခရမ်းချဉ်သီးကို ခပ်ပါးပါးလှီးထားပါ
- ချင်း ကြက်သွန်ဖြူ ကြက်သွန်နီကို ငရုတ်သီးမှုန့်နှင့် ရောပြီးထောင်းပေးပါ
- မန်ကျည်းသီးမှည့်ကို ရေစိမ်ထားပါ
- ပုဇွန်ကို အခွံခွာပြီး ကြောဖက်မှ အမည်းကြောင်း ထုတ်ကာ ထက်ခြမ်း ခြမ်းပေးထားပါ
- ဇောက်နက်သော အိုးတလုံးထဲမှာ ဗူးသီး ပန်းဂေါ်ဖီ ပုဇွန် ခရမ်းချဉ်သီး ဆား ငံပြာရည် ငရုတ်သီးထောင်း ဆီ အချိုမှုန့်တို့ကို ရောပြီး နယ်ပေးပါ
- အရသာ နယ်ထားသော အိုးထဲသို့ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ
- ရေဆူလာပြီး အသီးများ အိလာပါက ရေ တရုတ်ဟင်းရည်သောက် ပန်းကန်လုံး ၂လုံးခွဲစာထည့်ပြီး ဆူအောင်တည်ပါ
- ရေဆူလာတာနဲ့ မကျည်းမှည့်ရည် ထည့်ပြီး နှစ်မိနစ်လောက် ရေဆူစေ၍ အရသာမြည်းကာ စားရန်ပြင်နိုင်ပါပြီ။
စားချင်လိုက်တာ အစ်မရေ ....
ReplyDeleteသွားရေကျသွားပါတယ်နော် .... ^___^